တစ်ဖန် ဘုရားသခင်က “မိုးကောင်းကင်အောက်၌ရှိသောရေသည် တစ်နေရာတည်း၌စုဝေးစေ။ ကုန်းမြေပေါ်လာစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ယေရမိ 5:22 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။ Common Language Bible ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။- Garrad Bible လှိုင်း တံ ပိုး ခတ် သော် လည်း မ နိုင်။ ဟုန်း သံ ပြု သော် လည်း မ ကျော် ရ သည့် တိုင် အောင်၊ ထာ ဝ ရ ပြ ဋ္ဌာန်း ချက် အ လျောက်၊ သ မု ဒ္ဒ ရာ လွန် ၍ မ ရ သော နယ် နိ မိတ် အ ဖြစ်၊ သဲ ပြင် ကို သတ် မှတ် သော ငါ့ အား ခန့် ညား လျက်၊ မျက် မှောက် တော် တွင် တုန် လှုပ် ကြ ရ မည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဖို့ရာ သဲကို ထာဝရအပိုင်းအခြားခန့်ထားသောငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊ |
တစ်ဖန် ဘုရားသခင်က “မိုးကောင်းကင်အောက်၌ရှိသောရေသည် တစ်နေရာတည်း၌စုဝေးစေ။ ကုန်းမြေပေါ်လာစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
သူသည်လည်း ထွက်သွား၍ လမ်းပေါ်တွင် လဲကျနေသောအလောင်းနှင့် အလောင်းဘေးတွင်ရပ်နေသော မြည်းနှင့်ခြင်္သေ့ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်ပေ။
သို့ဖြစ်၍ လူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ကြပါ၏။ မိမိကိုယ်ကို ပညာရှိဟု မှတ်ယူသူတို့အား ကိုယ်တော် အရေးစိုက်တော်မမူ”ဟု ဆိုလေ၏။
ရေသည် ပင်လယ်ဝမ်းထဲမှပေါက်ထွက်လာ၍ ပြည့်လျှံသောအခါ ပင်လယ်တံခါးကို မည်သူပိတ်လိုက်သနည်း။
ရေထုသည် ပြန်လှည့်လာ၍ ကမ္ဘာမြေကြီးကို မဖုံးလွှမ်းစေရန် သူတို့မကျော်ရမည့်နယ်နိမိတ်ကို သတ်မှတ်တော်မူ၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
ထိုသမုဒ္ဒရာ၏ရေတို့သည် ဟုန်းဟုန်းမြည်လျက် ပွက်ပွက်ထကာ တစ်ဟုန်ထိုးတက်လာ၍ တောင်များတုန်ခါကြလျှင်ပင်လည်းကောင်း ငါတို့သည် ကြောက်ရွံ့ကြမည်မဟုတ်။(စေလာ)
ထာဝရဘုရားသည် စိုးစံတော်မူ၏။ လူမျိုးတကာတို့သည် ထိတ်လန့်တုန်လှုပ်ကြပါစေ။ ကိုယ်တော်သည် ခေရုဗိမ်တို့အထက်၌ စံပယ်တော်မူ၏။ မြေကြီးသည် လှုပ်ခါပါစေ။
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
မီးသည် သစ်ခက်တို့ကိုလောင်သကဲ့သို့၊ မီးသည် ရေကိုပွက်ပွက်ဆူစေသကဲ့သို့ ဖြစ်လိမ့်မည်။ ကိုယ်တော့်ကိုရန်ပြုသောသူတို့သည် ကိုယ်တော်၏နာမတော်ကိုသိ၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။
ထာဝရဘုရား၏စကားတော်ကြောင့် စိုးရိမ်ထိတ်လန့်သောသူတို့၊ စကားတော်ကိုနားထောင်ကြလော့။ သင်တို့ကိုမုန်း၍ ငါ့နာမကြောင့် သင်တို့ကိုနှင်ထုတ်သော ညီအစ်ကိုတို့က ‘သင်တို့ဝမ်းမြောက်သည်ကို ငါတို့မြင်ရမည့်အကြောင်း ထာဝရဘုရားသည် ဘုန်းထင်ရှားပါစေသော’ဟု ကဲ့ရဲ့ပြောဆိုကြ၏။ သို့သော်လည်း သူတို့သည် အရှက်ကွဲကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
နေ့အချိန်၌ အလင်းရောင်ရရှိရန် နေကိုပေးသောအရှင်၊ ညအချိန်၌ အလင်းရောင်ပေးရန် လနှင့်ကြယ်များကို ပြဋ္ဌာန်းသောအရှင်၊ ပင်လယ်ရေကိုထကြွစေသောအရှင်၊ လှိုင်းတံပိုးကိုမြည်ဟိန်းစေသောအရှင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု ဘွဲ့နာမရှိတော်မူသော ထာဝရဘုရားက ဤသို့မိန့်တော်မူ၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
“သို့ဖြစ်၍ အစ္စရေးလူမျိုးတို့၊ ထိုသို့ သင်တို့ကိုငါစီရင်မည်။ ထိုသို့ သင်တို့ကိုငါစီရင်မည်ဖြစ်၍ အို အစ္စရေးလူမျိုးတို့၊ သင်တို့၏ဘုရားသခင်ကို ရင်ဆိုင်ရန် အသင့်ပြင်ကြလော့။”
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။
ထိုအခါ လူတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့ကြသဖြင့် ထာဝရဘုရားထံယဇ်ပူဇော်ပြီး ကတိသစ္စာပြုကြ၏။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
သင်တို့ကြောက်ရမည့်သူကို သင်တို့အား ငါပြောပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးနောက် ငရဲထဲသို့ပစ်ချပိုင်ခွင့်ရှိသောသူကို ကြောက်ကြလော့။ မှန်ပေ၏။ ထိုသူကိုကြောက်ကြလော့ဟု သင်တို့အား ငါဆို၏။
ဘုန်းကြီး၍ကြောက်မက်ဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မကြောက်ရွံ့၊ ဤကျမ်းစာလိပ်၌ရေးသားထားသော တရားစကားရှိသမျှတို့ကို မလိုက်နာ၊ မစောင့်ထိန်းလျှင်
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။