ယေရမိ 10:7 - မြန်မာ့စံမီသမ္မာကျမ်း
7 အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ခန့် ညား ခြင်း ကို ခံ တော် မူ ထိုက် သော၊ လူ အ မျိုး မျိုး တို့၏ ဘု ရင် မင်း မြတ်၊ မ ခန့် ညား ဘဲ နေ ဝံ့ သူ ကား၊ မည် သူ ပါ နည်း။ လူ အ မျိုး မျိုး တွင် ပ ညာ ရှိ တို့၌ လည်း ကောင်း၊ တိုင်း နိုင် ငံ၌ လည်း ကောင်း၊ ကိုယ် တော် နှင့် တူ သူ မ ရှိ ချေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 အို လူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှမရှိပါ။
အခန်းကိုကြည့်ပါ။ ကော်ပီ