သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။
ယေရမိ 49:1 - မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။ Common Language Bible ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။- Garrad Bible အ မ္မုန် အ မျိုး သား တို့ အ ကြောင်း၊ ဣ သ ရေ လ၌ သား မ ရှိ လော။ အ မွေ ခံ မ ရှိ လော။ ရှိ လျှင်၊ မိ လ ကုံ ဘု ရား သည် ဂဒ် နယ် ကို ပိုင် ခွင့်၊ တ ပည့် သား တို့ လည်း ဂဒ် မြို့ ရွာ များ၌ နေ ထိုင် ခွင့် ရ ကြ သည် မှာ၊ အ သို့ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ၏။ Judson Bible အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံ မရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့်တို့သည် ဂဒ်မြို့တို့၌ အဘယ်ကြောင့် နေကြသနည်း။ |
သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။
ဂျော်ဒန်မြစ်အရှေ့ဘက် ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုးတို့ပိုင်သော ဂိလဒ်ပြည်တစ်လျှောက်လုံး၊ အာနုန်ချောင်းနားရှိ အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်အထိ တိုက်ခိုက်သိမ်းပိုက်လိုက်လေ၏။
ယောယကိမ်မင်းကြီးကိုတိုက်ခိုက်ဖို့ ထာဝရဘုရားသည် ခါလဒဲတပ်များ၊ ဆီးရီးယားတပ်များ၊ မောဘတပ်များနှင့် အမ္မုန်တပ်များကို စေလွှတ်တော်မူ၏။ မိမိအစေအပါး ပရောဖက်တို့မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ယုဒပြည်ကိုဖျက်ဆီးဖို့ ထိုတပ်များကိုစေလွှတ်တော်မူ၏။
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ဂျေရုဆလင်မြို့ရိုးကို ဆက်၍ပြုပြင်နေကြောင်း၊ ပြိုပျက်ရာများကို စ၍ဖာထေးနေကြောင်းကို သမ္ဘာလတ်၊ တောဘိမှစ၍ အာရပ်လူမျိုး၊ အမ္မုန်လူမျိုး၊ အာဇုတ်လူမျိုးတို့ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လေ၏။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။ မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။
ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထို့နောက် ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးရှိရာသို့ ရောက်လာသော သံတမန်တို့မှတစ်ဆင့် ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တိုင်ရာဘုရင်၊ ဆီဒုန်ဘုရင်တို့ထံသို့ ကြိုးနှင့်ထမ်းပိုးတို့ကို ပေးပို့လော့။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
ခေါင်မိုးပြင်တွင် ကောင်းကင်တန်ဆာများကို ရှိခိုးကိုးကွယ်သောသူများ၊ ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုလျက်နှင့် မိလကုံဘုရားကိုလည်း တိုင်တည်ကျိန်ဆိုပြီး ရှိခိုးကိုးကွယ်သောသူများ၊
ဂဒ်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။