၂ ရာချုပ် 20:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နောက်၊ မော ဘ၊ အ မ္မုန် အ မျိုး သား တို့ နှင့် မ ဟု နိမ် လူ မျိုး တို့ သည်၊ ယော ရှ ဖတ် မင်း ကို တိုက် ခိုက် ရန် ချီ လာ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ ထာဝရဘုရားနှင့်ဆိုင်သောအမှုတော်အားလုံးတွင် ယဇ်ပုရောဟိတ်မင်းအာမရိသည် သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ ရှင်ဘုရင်နှင့်ဆိုင်သောအမှုကိစ္စအားလုံးတွင် ယုဒအမျိုးအနွယ်ခေါင်းဆောင် ဣရှမေလ၏သားဇေဗဒိသည် ကြီးကြပ်လိမ့်မည်။ လေဝိအမျိုးသားတို့သည်လည်း သင်တို့ကို ကြီးကြပ်ပေးလိမ့်မည်။ အားယူ၍ လုပ်ဆောင်ကြလော့။ ကောင်းသောအမှုကိုပြုသောသင်တို့နှင့်အတူ ထာဝရဘုရား ရှိတော်မူပါစေသော”ဟု မှာကြား၏။
ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။