Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 21:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အို သေဒဏ်​ခံရ​မည့်​ဆိုးယုတ်​သော​အစ္စရေး​၏​ခေါင်းဆောင်​၊ သင်​အပြီးသတ်​ဒဏ်ခတ်​ခံရ​မည့် နေ့ရက်​အချိန်​ရောက်လာ​ပြီ’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 အ ပြီး သတ် အ ပြစ် ဒဏ် ခံ ရာ ကာ လ၌၊ ရက် တာ စေ့ သော အို ဣ သ ရေ လ မင်း၊ အို လုပ် ကြံ ခံ ရာ ဆိုး သွမ်း သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 21:25
21 ပူးပေါင်းရင်းမြစ်များ  

သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။


သို့သော် သူ​၏​နေ့ရက်​ရောက်လာ​တော့​မည်​ကို ဘုရားရှင်​သည် သိမြင်​တော်မူ​၍ သူ့​ကို​ရယ်မော​တော်မူ​၏​။


လာမည့်​မျိုးဆက်​ကို​ပြောပြ​နိုင်​ရန် ထို​မြို့​တော်​၏​တံတိုင်း​ကို သင်​တို့​၏​စိတ်နှလုံး​၌​မှတ်သား​ထား​၍ ခံတပ်​များ​ကို​စစ်ဆေး​ကြည့်ရှု​ကြ​လော့​။


ဆိုးယုတ်​သော​သူ​တို့​၏​မကောင်းမှု​သည် ပပျောက်​သွား​ပါစေ​။ သို့သော် ဖြောင့်မတ်​သော​သူ​ကို​တည်မြဲ​စေ​တော်မူ​ပါ​။ ဖြောင့်မတ်​တော်မူ​သော​ဘုရားသခင်​သည် စိတ်နှလုံး​အတွင်းသဘော​ကို စစ်ဆေး​တော်မူ​၏​။


ထာဝရဘုရား​က ‘ငါ​သည် ယုဒ​ဘုရင်​ဇေဒကိ​မှစ၍ သူ​၏​မှူးမတ်​များ​နှင့် ဤ​ပြည်​၌​ကျန်ရစ်​သော ဂျေရုဆလင်​မြို့သူမြို့သား​များ​၊ အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်​သော​သူ​များ​ကို စား​၍​မ​ရ​အောင်​ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။


အမ္မုန်​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​၌ သား​မ​ရှိ​သလော​၊ အမွေခံ​မ​ရှိ​သလော​။ အဘယ်ကြောင့် မိလကုံ​ဘုရား​သည် ဂဒ်​ပြည်​ကို သိမ်းပိုက်​သနည်း​။ အဘယ်ကြောင့် သူ့​လူမျိုး​တို့​သည် ဂဒ်​ပြည်​ရှိ​မြို့​များ​တွင် နေထိုင်​ကြ​သနည်း​”​ဟု မိန့်ဆို​တော်မူ​၏​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် အမ္မုန်​အမျိုးသား​တို့​နေ​ရာ ရဗ္ဗာ​မြို့​၌ စစ်ပွဲ​သံ​ကြား​ရ​သော​အချိန် ရောက်​စေ​မည်​။ ထို​မြို့​သည် အပျက်အစီး​ပုံ​ကြီး​ဖြစ်​၍ မြို့ငယ်​တို့​သည်​လည်း မီး​လောင်​သွား​လိမ့်မည်​။ အစ္စရေး​လူမျိုး​တို့​သည်​လည်း မိမိ​အား သိမ်းပိုက်​ခဲ့​သူ​ကို ပြန်​၍​သိမ်းပိုက်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မြစ်​နား​၌​နေ​၍ ဥစ္စာ​ကြွယ်ဝ​သော​မြို့​၊ သင်​၏​မတရား​အကျိုးစီးပွားရှာ​ခြင်း​များ အဆုံးသတ်​မည့်​အချိန်​ရောက်လာ​ပြီ​။


ထို​မင်း​သည် ယောယကိမ်​မင်းကြီး​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​အသက်ရှင်​သည်​နှင့်အညီ ငါ​နှင့်​ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​၍ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို​ချိုးဖောက်​သော​အပြစ်​အတွက် အမှန်ပင် သူ့​ခေါင်း​ပေါ်သို့​ရောက်​စေ​မည်​။


‘အချင်း​လူသား​၊ ငိုကြွေး​မြည်တမ်း​လော့​။ အကြောင်းမှာ ဓား​သည် ငါ့​လူမျိုး​တော်​ကို တိုက်ခိုက်​လေ​ပြီ​။ အစ္စရေး​ခေါင်းဆောင်​တို့​ကို တိုက်ခိုက်​လေ​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​နှင့်အတူ ဓား​လက်​သို့​ကျရောက်​သည်​ဖြစ်၍ ရင်ဘတ်စည်တီး​လော့​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​ထိုသို့ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​ပုန်ကန်​သော​အပြစ်​များ​လည်း ပေါ်လာ​၍ သင်​တို့​ကျူးလွန်​သော​အပြစ်​အားလုံး ထင်ရှား​လာ​မည်​။ သင်​တို့​၏​အပြစ်​များ​ကို​ပြန်​သတိရ​စေ​သောကြောင့် သင်​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​။


သင်​တို့​သည် မဟုတ်မမှန်​သည်​ကို​မြင်​ပြီး အလိမ်အညာ​ဗေဒင်​များ​ကို ဟောပြော​နေ​စဉ်တွင် အပြီးသတ်​ဒဏ်ခတ်​မည့်​နေ့ရက်​သည် ရောက်လာ​ပြီး ဓား​တော်​သည် သေဒဏ်​ခံရ​မည့် ဆိုးယုတ်​သူ​တို့​၏​လည်ပင်း​ပေါ်တွင် တင်​ထား​လျက်​ရှိ​လေ​ပြီ​။


ရဗ္ဗာ​မြို့​ကို ကုလားအုတ်​တို့​ကျက်စား​ရာ​၊ အမ္မုန်​ပြည်​ကို သိုး​များ​နားနေရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


နေ့ရက်​အချိန် နီးလာ​ပြီ​။ စင်စစ် ထာဝရဘုရား​၏​နေ့ နီးလာ​ပြီ​။ ထို​နေ့​သည် မိုးတိမ်​ထူထပ်​သော​နေ့​၊ လူမျိုးတကာ​တို့​ပျက်စီး​ရာ​နေ့ ဖြစ်​လိမ့်မည်​။


သင်​သည် ရှေးယခင်​ကပင် အငြိုး​ထားခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့ ဘေးဒုက္ခ​ရောက်​ချိန်​၊ အပြီးသတ်​ဒဏ်ခတ်​ခံရ​ချိန်​တွင် သင်​သည် သူ​တို့​ကို ဓား​လက်​သို့​အပ်​လိုက်​၏​။


“​အချင်း​လူသား​၊ အစ္စရေး​ပြည်​အား ဘုရားရှင်​ထာဝရဘုရား​က ‘သူ​၏​နိဂုံးချုပ်​ချိန်​သည် ရောက်လာ​ပြီ​။ ပြည်​တစ်ပြည်လုံး နိဂုံးချုပ်​ချိန်​ရောက်​လေ​ပြီ​။


ယခုမှာ သင့်​နိဂုံးချုပ်​ချိန်​သည် သင့်​ထံ​ရောက်လာ​ပြီ​။ သင့်​ထံသို့ ငါ့​အမျက်​ကို လွှတ်လိုက်​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို​စီရင်​မည်​။ သင်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​ရှိသမျှ​တို့​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။


သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ သင့်​နိဂုံးချုပ်​ချိန် ရောက်​လေ​ပြီ​။ ကြည့်ရှု​လော့​။ သင့်​ထံ ရုတ်တရက်​ရောက်လာ​ပြီ​။


ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ