ယေရမိ 42:2 - မြန်မာ့စံမီသမ္မာကျမ်း
ပရောဖက်ယေရမိထံသို့လာ၍ “အရှင့်ထံ အကျွန်ုပ်တို့ အသနားခံပါသည်။ အရှင်မြင်သည့်အတိုင်း လူအများသည် ယခုအနည်းငယ်သာကျန်ပါသည်။ အကျွန်ုပ်တို့နှင့် ဤကြွင်းကျန်သောလူအားလုံးတို့အဖို့ ထာဝရအရှင်ဘုရားသခင်ထံ ဆုတောင်းပေးပါလော့။
အခန်းကိုကြည့်ပါ။
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
အခန်းကိုကြည့်ပါ။
ကျွန် တော် တို့ တောင်း ပန် ချက် ကို နာ ခံ ပါ။ ကိုယ် တော် ဒိ ဋ္ဌ မြင် ရ သည့် အ တိုင်း၊ အ မြောက် အ မြား တို့ အ နက်၊ အ နည်း ငယ် မျှ ကြွင်း ကျန် နေ ရစ် သူ ကျွန် တော် တို့ အ ဖို့၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ လိုက် အပ် သော လမ်း၊ ပြု အပ် သော အ မှု ကို ကျွန် တော် တို့ အား ဖော် ပြ တော် မူ ပါ မည့် အ ကြောင်း ကိုယ် တော့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တောင်း လျှောက် ပါ ဟု တောင်း ပန် ကြ ရာ၊
အခန်းကိုကြည့်ပါ။
အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
အခန်းကိုကြည့်ပါ။