အာမုတ် 7:2 - မြန်မာ့စံမီသမ္မာကျမ်း2 နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုကျိုင်းကောင်များသည်တစ်ပြည်လုံးရှိ ရွက် နုပင်မှန်သမျှကိုကိုက်စားလိုက်ကြောင်း ငါမြင်ရ၏။ ငါကလည်း``အို အရှင်ထာဝရ ဘုရား၊ အရှင့်လူတို့၏အပြစ်ကိုလွှတ်တော် မူပါ။ သူတို့သည်နုငယ်၍အားနွဲ့လှပါ ၏'' ဟုလျှောက်ဆိုသော်၊ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကျိုင်းကောင်တို့သည် တစ်ပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှ ငါက၊ အို အရှင်ထာဝရဘုရား၊ အပြစ်မှ လွှတ်တော်မူပါ။ ယာကုပ်သည်ငယ်သောကြောင့်၊ အဘယ်သို့ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ကျိုင်းကောင်တို့သည် မြေမျက်နှာတစ်ပြင်လုံးကိုဖုံးလွှမ်းသဖြင့် မြေပြင်သည်မည်းနက်လေ၏။ မိုးသီးဘေးပြီးနောက် ကျန်ရစ်သောကောက်ပင်အားလုံးနှင့် ထိုပြည်ရှိသစ်သီးဝလံအားလုံးတို့ကိုစားကြသဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် အပင်မှအရွက်စိမ်းတစ်ရွက်မျှ၊ လယ်ထဲရှိကောက်ပင်တစ်ပင်မျှ မကြွင်းကျန်ပေ။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။