ယေရမိ 40:11 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်သည် လူအချို့ကို ယုဒပြည်၌ ချန်ထားခဲ့၍ ထိုသူတို့ကိုအုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိအား ခန့်ထားကြောင်းကို မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစ၍ အပြည်ပြည်အရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့ ကြားသိသောအခါ Common Language Bible ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။- Garrad Bible ထို နည်း တူ မော ဘ ပြည်၊ အ မ္မုန် အ မျိုး သား တို့ ပြည်၊ ဧ ဒုံ ပြည် မှ စ သော ပြည် ထောင် တ ကာ ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ လည်း ယုဒ ပြည် ၌ အ ကြွင်း အ ကျန် တို့ ကို ဗာ ဗု လုန် ဘု ရင် ထား ခဲ့၍၊ ၎င်း တို့ အ ပေါ် တွင် ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို ခန့် ထား ကြောင်း ကြား သိ လျှင်၊ Judson Bible ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ကိုကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို မင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊ |
သူတို့သည် အနောက်အရပ်ရှိဖိလိတ္တိလူမျိုးတို့ကို အနောက်မှတိုက်ခိုက်လိမ့်မည်။ အရှေ့ပြည်သားတို့ကိုလည်း အတူတကွ လုယူလိမ့်မည်။ မိမိတို့လက်ကို ဧဒုံပြည်၊ မောဘပြည်ပေါ်သို့ ရောက်စေလိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် သူတို့၏လက်အောက်ခံဖြစ်ရလိမ့်မည်။
မောဘပြည်မှနှင်ထုတ်ခံရသောသူတို့သည် သင်နှင့်အတူနေထိုင်ကြပါစေ။ သူတို့ကို ဖျက်ဆီးသောသူ၏ရှေ့မှ ကာကွယ်ပေးပါ”ဟု ဆိုကြ၏။ ဖိနှိပ်သောသူမရှိတော့ပြီ။ ဖျက်ဆီးခြင်းလည်း ရပ်သွားပြီ။ နင်းချေတတ်သောသူသည် မြေကြီးပေါ်မှပျောက်ကွယ်သွားပြီ။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။
ထို့ပြင် ယုဒပြည်၌နေထိုင်ရန် နှင်ထုတ်ခံရရာအတိုင်းတိုင်းအပြည်ပြည်မှပြန်လာကြသော ယုဒအမျိုးအကြွင်းအကျန်တို့ကို ကာရာ၏သားယောဟနန်နှင့် စစ်သည်အကြီးအကဲတို့သည် ခေါ်ဆောင်သွားကြ၏။
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဧဒုံလူမျိုးသည် ယုဒအမျိုးကို ရက်ရက်စက်စက်လက်တုံ့ပြန်ခဲ့၏။ ထိုသို့လက်တုံ့ပြန်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို ပြုလေပြီ’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ အမ္မုန်အမျိုးသားတို့ဘက်သို့ မျက်နှာမူပြီး သူတို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးကခုန်လျက် အစ္စရေးပြည်ကို ပြောင်လှောင်သောကြောင့်
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မောဘပြည်နှင့် စိရပြည်တို့က ယုဒအမျိုးသည် လူမျိုးခြားတို့နှင့် အတူတူပင်ဖြစ်၏ဟု ဆိုကြသောကြောင့်
ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။
အစ္စရေးအမွေမြေသည် လူသူကင်းမဲ့ရာဖြစ်သောအခါ သင်ဝမ်းမြောက်သကဲ့သို့ သင့်ကို ထိုသို့ဖြစ်စေမည်။ အို စိရတောင်၊ သင်နှင့်တကွ ဧဒုံပြည်တစ်ပြည်လုံး လူသူကင်းမဲ့ရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
ထိုအမျိုးသမီးတို့သည် မိမိတို့ဘုရားများ၏ယဇ်ပူဇော်ပွဲများသို့ အစ္စရေးအမျိုးသားတို့ကို ခေါ်သွား၏။ သူတို့သည် စားသောက်ကြ၍ ထိုအမျိုးသမီးတို့၏ဘုရားများကိုလည်း ရှိခိုးကိုးကွယ်ကြ၏။
အမ္မုန်လူမျိုးနာဟတ်သည် ချီလာ၍ ယာဗက်ဂိလဒ်မြို့နားတွင် တပ်ချ၏။ ထိုအခါ ယာဗက်မြို့သားတို့က နာဟတ်အား “ကျွန်ုပ်တို့နှင့် မဟာမိတ်ဖွဲ့ပါလော့။ အရှင့်ထံ၌ အစေခံပါမည်”ဟု ဆိုကြ၏။
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။