ယေရမိ 43:6 - မြန်မာ့စံမီသမ္မာကျမ်း6 ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် နှင့်ဘုရင့်သမီးတော်အစရှိသည့်လူအ ပေါင်းတို့ကိုလည်းကောင်း၊ ဂေဒလိလက်တွင် နေဗုဇာရဒန်အပ်နှံထားခဲ့သောငါနှင့် ဗာရုတ်အစရှိသည့်လူအပေါင်းတို့ကို လည်းကောင်းခေါ်ဆောင်သွားသတည်း။- အခန်းကိုကြည့်ပါ။Garrad Bible6 ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊ အခန်းကိုကြည့်ပါ။Judson Bible6 ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊ အခန်းကိုကြည့်ပါ။ |
ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။
သင့်အား ငါအမှန်အကန်ဆိုမည်။ သင်သည် ငယ်ရွယ်စဉ်အခါ၌ ကိုယ်ကိုယ်တိုင်ခါးပန်းစည်း၍ ကိုယ်အလိုရှိရာအရပ်သို့ သွားလာလေ့ရှိ၏။ အိုမင်းသောအခါ၌မူကား သင်သည် ကိုယ့်လက်နှစ်ဖက်ကိုဆန့်၍ သူတစ်ပါးသည် သင့်ခါးကို ခါးပန်းစည်းကာ သင်အလိုမရှိရာအရပ်သို့ ခေါ်ဆောင်သွားမည်”ဟု မိန့်တော်မူ၏။
‘ကြည့်ရှုလော့။ ယုဒဘုရင်နန်းတော်၌ ကျန်ရစ်သောမိန်းမအပေါင်းတို့ကို ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ ခေါ်ဆောင်သွားကြမည်။ ထိုမိန်းမတို့က မင်းကြီးယုံကြည်ရသောမိတ်ဆွေတို့သည် မင်းကြီးကို သွေးဆောင်ကြပြီ၊ အနိုင်ရကြပြီ။ မင်းကြီး၏ခြေသည် ရွှံ့ထဲနစ်သွားလေပြီ။ မိတ်ဆွေတို့လည်း ကျောခိုင်းသွားလေပြီဟု ဆိုကြလိမ့်မည်။