ယေရမိ 25:29 - မြန်မာ့စံမီသမ္မာကျမ်း
ကြည့်ရှုလော့။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သောမြို့ကိုပင် ဘေးဒုက္ခ စရောက်စေမည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ ငါသည် မြေကြီးသားအပေါင်းတို့ထံ ဓားကို စေလွှတ်မည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်မခံရဘဲနေမည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
အခန်းကိုကြည့်ပါ။
ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
အခန်းကိုကြည့်ပါ။
အ သို့ ဆို သော်၊ နာ မ တော် ဖြင့် သ မုတ် ခံ သော မြို့၌ ဘေး ကို ငါ တင် ရင် စီ မံ ပြီး ဖြစ် က၊ ပြစ် ဒဏ် ကင်း လျက် သင် တို့ နေ အပ် ကြ သ လော။ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ လျောက်၊ မြေ ပေါ် ရှိ လူ အ ပေါင်း တို့၌၊ ဓား ဘေး ကို ငါ ရောက် စေ သ ဖြင့်၊ ပြစ် ဒဏ် ကင်း လျက် သင် တို့ နေ ကြ ရ မည် မ ဟုတ် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့။
အခန်းကိုကြည့်ပါ။
အကြောင်းမူကား၊ ငါ၏နာမဖြင့် သမုတ်သောမြို့ကို ငါသည် အပြစ်ပေးစပြုလျှင်၊ သင်တို့သည် ဒဏ်အလျှင်းမခံဘဲ နေရကြမည်လော။ ဒဏ်မခံဘဲ မနေရကြ။ ငါသည် မြေကြီးသားရှိသမျှတို့အဖို့ ဓားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။