ယေဇကျေလ 14:17 - မြန်မာ့စံမီသမ္မာကျမ်း17 “သို့မဟုတ် တိုင်းပြည်တွင် ဓားဘေးကျရောက်စေ”ဟု ငါအမိန့်ပေးသဖြင့် ဓားဘေးကျရောက်၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။ အခန်းကိုကြည့်ပါ။Common Language Bible17 ``သို့တည်းမဟုတ်ငါသည် ထိုပြည်တွင်စစ် မက်ဖြစ်ပွားစေလျက်လူရောတိရစ္ဆာန်ပါ ပယ်ရှင်းပစ်ရန်ဖျက်ဆီးတတ်သည့်လက် နက်များကိုစေလွှတ်သောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible17 ငါ သည် ထို ပြည် တွင်၊ ဓား ဖြတ် သွား စေ ဟု အ မိန့် ရှိ လျက်၊ ဓား ဘေး သင့် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရာ၌၊ အ သက် တော် ကို တိုင် တည်၍၊ အခန်းကိုကြည့်ပါ။Judson Bible17 သို့မဟုတ်၊ အိုဓား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ဓားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊ အခန်းကိုကြည့်ပါ။ |
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။