Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 25:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သင်​သည် သူ​တို့​အား ဤ​စကား​အလုံးစုံ​ကို ပရောဖက်ပြု​ဟောပြော​ရ​မည်​။ သူ​တို့​အား “ထာဝရဘုရား​၏​အသံ​တော်​သည် အထက်ကောင်းကင်​မှ မြည်ဟိန်း​ထွက်ပေါ်​လာ​မည်​။ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ အသံ​ကို​လွှင့်​တော်မူ​မည်​။ မိမိ​သိုးစု​ကို ကျယ်လောင်​စွာ​ဟိန်းဟောက်​တော်မူ​မည်​။ စပျစ်သီး​နင်းနယ်​သော​သူ​တို့ အော်ဟစ်​သကဲ့သို့ မြေကြီးသား​တို့​ကို အော်ဟစ်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 ``အ​သင်​ယေ​ရ​မိ၊ သင်​သည်​ငါ​၏​ဗျာ​ဒိတ်​တော် မှန်​သ​မျှ​ကို ဤ​သူ​တို့​အား​ပြော​ကြား​ကြေ ညာ​ရ​မည်​မှာ၊ `ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​တော်​မူ​သော အိမ်​တော်​မှ နေ​၍​မိုး​ချုန်း​သံ​ပြု​တော်​မူ​လိမ့်​မည်။ အ​ထက်​ဘဝဂ်​မှ​နေ​၍​မြည်​ဟိန်း​သံ​ပြု​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ဟိန်း​ဟောက်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​စ​ပျစ်​သီး​နယ်​သော​သူ​ကဲ့​သို့ အော်​ဟစ်​တော်​မူ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​အော်​ဟစ် လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ဆို ခဲ့ သည့် အ ချက် ဟူ သ မျှ ကို ထို သူ တို့ အား ဟော ပြော လျက်၊ သင် ဆင့် ဆို ရ ဦး မည် မှာ၊ ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း သော စံ ရာ တော် ကောင်း ကင် ဘ ဝဂ် မှ တ ဟုန်း ဟုန်း ချုန်း ခြင်း၊ သိုး ခြံ တော် တစ် ဘက်၊ တ ခြိမ်း ခြိမ်း ဟုန်း ခြင်း၊ မြေ ပေါ် ရှိ လူ အ ပေါင်း တို့ တစ် ဘက်၊ ဖိ နင်း သူ တို့ ကဲ့ သို့ အောင် သံ ကြွေး ကြော် ခြင်း များ ကို ပြု တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 25:30
25 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​က ဇာဒုတ်​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို မြို့​ထဲသို့ ပြန်ပို့​လော့​။ ထာဝရဘုရား​သည် ငါ့​ကို​မျက်နှာသာပေး​၍ ငါ​ပြန်လာ​ရ​လျှင် သေတ္တာ​တော်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို​လည်းကောင်း ဖူးမြင်​ခွင့်​ရ​ပါ​လိမ့်မည်​။


ထာဝရဘုရား​က သူ့​အား “​ငါ့​ရှေ့မှောက်​တွင် သင်​ဆုတောင်း​အသနားခံ​သည်​ကို ငါ​နားညောင်း​ပြီ​။ သင်​တည်ဆောက်​သော​ဤ​အိမ်​တော်​ကို ငါ​သန့်ရှင်း​စေ​မည်​။ ငါ့​နာမ​အဖို့ အစဉ်​တည်​စေ​မည်​။ ဤ​အိမ်​တော်​ကို ငါ​အစဉ်အမြဲ​ကြည့်ရှု​နှလုံးသွင်း​မည်​။


ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​သည် ထ​၍ လူ​တို့​အား ကောင်းချီးပေး​ကြ​၏​။ သူ​တို့​၏​အသံ​များ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းသံ​များ​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​သို့​တိုင် ရောက်​လေ​၏​။


ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သော​ဗိမာန်တော်​၌ စံနေ​တော်မူ​၏​။ ထာဝရဘုရား​၏​ပလ္လင်​တော်​သည် ကောင်းကင်ဘုံ​၌​ရှိ​၏​။ ကိုယ်တော်​သည် မျက်စိ​တော်​ဖြင့်​ကြည့်ရှု​၍ မျက်ခမ်း​တော်​ဖြင့် လူသား​တို့​ကို စစ်ဆေး​တော်မူ​၏​။


“​ထို​အရပ်​သည် ငါ​၏​ငြိမ်ဝပ်​ရာ​အရပ် အစဉ်​ဖြစ်​၏​။ ထို​အရပ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ထို​အရပ်​၌ ငါ​ကိန်းဝပ်​မည်​။


လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။


ထိုအခါ ဘုရားရှင်​သည် အိပ်ပျော်​ရာ​မှ​နိုး​လာ​သော​သူ​ကဲ့သို့​လည်းကောင်း​၊ စပျစ်ဝိုင်​အရှိန်ပြေ​သွား​သော စစ်သူရဲ​ကဲ့သို့​လည်းကောင်း နိုးထ​တော်မူ​၍


ထို့ကြောင့် ယာဇာ​မြို့​အတွက် ငိုကြွေး​သကဲ့သို့ စိဗမာ​စပျစ်ပင်​အတွက်​လည်း ငါ​ငိုကြွေး​၏​။ အို ဟေရှဘုန်​မြို့​၊ အို ဧလာလေ​မြို့​၊ သင့်​ကို ငါ့​မျက်ရည်​ဖြင့် ရွှဲရွှဲစို​စေ​မည်​။ အကြောင်းမူကား သင်​၏​နွေရာသီသီးနှံ​အတွက်​၊ သင်​၏​သီးနှံရိတ်သိမ်း​ခြင်း​အတွက် ကြွေးကြော်​သံ ငြိမ်း​လေ​ပြီ​။


မြည်ဟိန်း​သော​အသံ​တော်​ကြောင့် လူ​တို့​ထွက်ပြေး​ကြ​၏​။ ကိုယ်တော်​ထ​တော်မူ​သောအခါ လူမျိုး​တို့​သည် ကွဲလွင့်​သွား​ကြ​၏​။


ထာဝရဘုရား​သည် သူရဲကောင်း​ကဲ့သို့​ကြွ​တော်မူ​မည်​။ စိတ်အားထက်သန်မှု​ကို စစ်သူရဲ​ကဲ့သို့ လှုံ့ဆော်​တော်မူ​မည်​။ ကိုယ်တော်​သည် ကြွေးကြော်​တော်မူ​မည်​။ ဟစ်အော်​တော်မူ​မည်​။ မိမိ​ရန်သူ​တို့​ကို အောင်​နိုင်​တော်မူ​မည်​။


အစအဦး​ကပင် မြင့်မြတ်​၍ ဘုန်းကြီး​သော​ပလ္လင်​တော်​သည် ငါ​တို့​၏​သန့်ရှင်းရာဌာန​ဖြစ်​၏​။


ခြင်္သေ့ပျို​သည် ပုန်းအောင်း​ရာ​နေရာ​ကို​စွန့်ခွာ​သကဲ့သို့ ထာဝရဘုရား​သည် သူ​တို့​၏​ပြည်​ကို​စွန့်ခွာ​တော်မူ​ပြီ​။ သူ​တို့​၏​ပြည်​သည် နိုင်ထက်စီးနင်း​ပြု​သော​သူ​နှင့် ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


သီးနှံ​ဖြစ်ထွန်း​သော​မြေ​နှင့် မောဘ​ပြည်​၌ ဝမ်းမြောက်​ရွှင်လန်း​ခြင်း ပျောက်ကွယ်​လေ​ပြီ​။ စပျစ်သီးနယ်ရာကျင်း​မှ စပျစ်ဝိုင်​ပြတ်​လေ​ပြီ​။ ဝမ်းမြောက်​စွာ​ကြွေးကြော်​လျက် စပျစ်သီး​ကို​နင်းနယ်​ကြ​တော့​မည်​မ​ဟုတ်​။ ကြွေးကြော်​သော​အသံ​သည်​လည်း ဝမ်းမြောက်​သော​ကြွေးကြော်​သံ​မ​ဟုတ်​။


သူ​တို့​သည် ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ခြင်္သေ့​ကဲ့သို့​ဟိန်း​တော်မူ​မည်​။ ဟိန်း​တော်မူ​သောအခါ ကိုယ်တော်​၏​သားသမီး​တို့​သည် အနောက်​အရပ်​မှ​ကြောက်ရွံ့တုန်လှုပ်​လျက် ထွက်လာ​ကြ​မည်​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။


အာမုတ်​က “​ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ သိုးကျောင်း​ရာ​စားကျက်မြေ​များ ခြောက်သွေ့​၍ ကရမေလ​တောင်​ထိပ်​သည် ညှိုးနွမ်း​သွား​ပြီ”​ဟု ဆို​၏​။


ခြင်္သေ့​ဟိန်းဟောက်​သောအခါ မ​ကြောက်​သော​သူ ရှိ​သလော​။ ဘုရားရှင်​ထာဝရဘုရား​မိန့်ဆို​သောအခါ ပရောဖက်​မ​ပြု​ဘဲ နေ​ဝံ့​သူ ရှိ​သလော​။


အို လူသား​အပေါင်း​တို့​၊ ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​ပြီ​။


ကိုယ်တော်​၏​သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ဖြစ်​သော ကောင်းကင်ဘုံ​မှ ငုံ့ကြည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို​လည်းကောင်း​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​တို့​အား ပေး​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​လည်းကောင်း ကောင်းချီးပေး​တော်မူ​ပါ​’​ဟု လျှောက်ဆို​ရ​မည်​။


လူမျိုး​တကာ​တို့​ကို​ဒဏ်ခတ်​ရန် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ​ထွက်​နေ​၏။ သူ​သည် ထို​သူ​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​လိမ့်မည်။ သူ​သည် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​၏​အမျက်​တော်​ဆိုင်ရာ ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​၏​စပျစ်သီး​နယ်ရာ​ကျင်း​ကို နင်းနယ်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ