အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 2:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူမျိုးခြား​တို့​သည် ဘုရား​မ​ဟုတ်​သော သူ​တို့​၏​ဘုရား​များ​ကို​ပင် အလဲအလှယ်​ပြု​ဖူး​ကြ​သလော​။ ငါ့​လူမျိုး​တို့​မူကား မိမိ​တို့​၏​ဘုန်းအသရေ​ကို အကျိုး​မ​ပေး​သော​အရာ​နှင့် အလဲအလှယ်​ပြု​ကြ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

မိ​မိ​တို့​၏​ဘု​ရား​များ​သည်​မ​စစ်​မ​မှန်​သော ဘု​ရား​များ​ပင်​ဖြစ်​၍​နေ​စေ​ကာ​မူ အ​ဘယ်​လူ​မျိုး​သည်​ဘု​ရား​များ​ကို​ပြောင်း​လဲ ၍ ကိုး​ကွယ်​ပါ​သ​နည်း။ သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား မိ​မိ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ဆောင်​သည့် ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ့​အား​သူ​တို့​ကို​မ​ကူ​ညီ​နိုင်​သည့်​ဘု​ရား များ​နှင့် လဲ​လှယ်​လိုက်​ကြ​လေ​ပြီ။

အခန်းကိုကြည့်ပါ။

Garrad Bible

အ တု ဘု ရား များ ကို ပင်၊ လူ တစ် မျိုး မျိုး လဲ လှယ် ဖူး သ လော။ ငါ ၏ လူ မျိုး တော် မှာ မူ၊ အ သုံး မဲ့ ဘု ရား ကို ဘုန်း တန် ခိုး ဖြစ် ရာ ဖြစ် ကြောင်း အ စား လဲ ယူ ခဲ့ ကြ လေ စွ။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ခြား​တစ်​ပါး​သော​လူ​မျိုး ကိုး​ကွယ်​သော​ဘု​ရား​သည် ဘု​ရား​မ​ဟုတ်​သော်​လည်း၊ ပြောင်း​လဲ​ဖူး​ပြီ​လော။ ငါ၏​လူ​မျိုး​သည် ကျေး​ဇူး​မ​ပြု​နိုင်​သော အ​ရာ​ဖို့ မိ​မိ​တို့​ဘုန်း​ကို ပြောင်း​လဲ​ကြ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 2:11
23 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး ဆီဒုန်​နတ်ဘုရားမ အာရှတရက်​၊ မောဘ​ဘုရား ခေမုရှ​၊ အမ္မုန်​ဘုရား မိလကုံ စသည်​တို့​ကို ကိုးကွယ်​ကြ​ပြီ​။ သူ့​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့​မ​ပြု​၊ ငါ့​လမ်း​သို့​မ​လိုက်​။ ငါ​၏​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ငါ့​မျက်မှောက်​တွင် ဖြောင့်မှန်​စွာ​မ​ပြုကျင့်​။


ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က တိရှဘိ​မြို့သား​ဧလိယ​အား “​ထ​လော့​။ ရှမာရိ​ဘုရင်​၏​တမန်​တို့​နှင့်​သွား​တွေ့​ပြီး သူ​တို့​အား ‘ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ထံ​သွား​၍ မေးမြန်း​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော’​ဟု ပြော​လော့​။


ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​များ​၊ အာရုန်​၏​သား​များ​နှင့် လေဝိ​အမျိုး​များ​ကို သင်​တို့ နှင်ထုတ်​၍ ဤ​ပြည်သား​များ​ကဲ့သို့ ကိုယ့်​ယဇ်ပုရောဟိတ်​ကို ကိုယ်​ခန့်ထား​ကြ​ပြီ​။ ကိုယ့်ကိုယ်ကို​သန့်စင်​ရန် နွားသငယ်​တစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို ယူဆောင်​လာ​လျှင်ပင် ထို​သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​၏​ယဇ်ပုရောဟိတ် ဖြစ်သွား​ကြ​၏​။


ထိုသို့ဖြင့် မိမိ​တို့​၏​ဘုန်းအသရေ​ကို မြက်​စား​သော​နွား​၏​ရုပ်တု​နှင့် လဲလှယ်​ကြ​၏​။


သူ​တို့​၏​ရုပ်တု​များ​မူကား ရွှေ​၊ ငွေ​ဖြစ်​ကြ​ပြီး လူ့​လက်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ဖြစ်​ကြ​၏​။


သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဝန်းရံ​ထား​သော​ဒိုင်းလွှား​၊ အကျွန်ုပ်​၏​ဘုန်းအသရေ​နှင့် အကျွန်ုပ်​၏​ဦးခေါင်း​ကို ချီးမြှောက်​သော​အရှင်​ဖြစ်​တော်မူ​၏​။


သူ​တို့​၏​ဘုရား​များ​ကို​လည်း မီး​ထဲသို့​လွှင့်ပစ်​ကြ​ပြီ​။ ထို​ဘုရား​တို့​သည် ဘုရား​မ​ဟုတ်​၊ လူ့​လက်​ဖြင့်​လုပ်​သော သစ်သား​၊ ကျောက်​များ​သာ​ဖြစ်​သောကြောင့် ပျက်စီး​ကြ​လေ​ပြီ​။


လူ​သည် ကိုယ့်​အဖို့ ဘုရား​ကို ပြုလုပ်​နိုင်​သလော​။ ပြုလုပ်​နိုင်​လျှင်​လည်း ဘုရား​စစ်​မ​ဟုတ်​။


သို့ဖြစ်၍ ထာဝရဘုရား​က “​လူမျိုးခြား​တို့​တွင်​မေးကြည့်​လော့​။ ဤသို့သော​အမှု​ကို မည်သူ​ကြား​ဖူး​သနည်း​။ အစ္စရေး​အပျိုကညာ​သည် စက်ဆုပ်ဖွယ်​အမှု​ကို ပြု​လေ​ပြီ​။


ထာဝရဘုရား​က “​သင်​တို့​၏​ဘိုးဘေး​တို့​သည် ငါ​၌​မည်သည့်​မတရားမှု​ကို​တွေ့​၍ ငါ​နှင့်​ဝေးဝေးနေ​ကြ​သနည်း​။ အဘယ်ကြောင့် အချည်းနှီး​သော​အရာ​နောက်သို့​လိုက်​၍ အသုံးမကျ​သော​သူ​ဖြစ်​ကြ​သနည်း​။


ယဇ်ပုရောဟိတ်​တို့​က​လည်း ‘ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။ ပညတ်တရား​ကို စွဲကိုင်​သော​သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ​။ အုပ်ချုပ်​သူ​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ပရောဖက်​တို့​သည် ဗာလ​ဘုရား​ကို​အမှီပြု​၍ ပရောဖက်ပြု​ကြ​၏​။ အကျိုး​မ​ပေး​သော​အရာ​တို့​နောက်သို့​လိုက်​ကြ​၏​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


ရုပ်တု​များ​ကြောင့် ငါ​နှင့်​ဝေးကွာ​သွား​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​နှလုံးသား​ကို ငါ​ပြန်လည်​ဆွဲယူ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ဆင့်ဆို​လော့​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘​သင်​တို့​သည် သင်​တို့​ဝန်းကျင်​ရှိ​လူမျိုးတကာ​တို့​ထက် သာ၍​သောင်းကျန်း​၏​။ ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​လိုက်နာ​၊ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ သင်​တို့​ဝန်းကျင်​ရှိ လူမျိုးတကာ​တို့​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​ပင် မ​ပြုကျင့်​နိုင်​ကြ’​ဟု မိန့်​တော်မူ​၏​။


လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​ဘုရား​များ​၏​နာမ​၌ အသီးသီး​လိုက်လျှောက်​ကြ​လိမ့်မည်​။ ငါ​တို့​မူကား ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​နာမ​တော်​၌ ကာလ​အစဉ်အဆက်​လိုက်လျှောက်​ကြ​မည်​။


ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။


ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။


သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။


အခြား​သော​ဘုရား​များ​ဖြင့် ကိုယ်တော်​ကို သဝန်တို​စေ​ပြီ​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ကိုယ်တော်​ကို အမျက်ထွက်​စေ​ပြီ​။


သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​ဖြင့် ငါ့​ကို သဝန်တို​စေ​ကြ​ပြီ​။ အချည်းနှီး​သော​အရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​ပြီ​။ သို့ဖြစ်၍ ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​ဖြင့် သူ​တို့​ကို သဝန်တို​စေ​မည်​။ မိုက်မဲ​သော​လူမျိုး​ဖြင့် သူ​တို့​ကို အမျက်ထွက်​စေ​မည်​။


အို အစ္စရေး​လူမျိုး​၊ သင်​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကယ်တင်​တော်မူ​သော​လူမျိုး​၊ သင်​နှင့်​မည်သူ​တူ​သနည်း​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​သော​ဒိုင်းလွှား​၊ သင်​ဂုဏ်ယူဝါကြွား​ရာ​ဓား ဖြစ်​တော်မူ​၏​။ သင်​၏​ရန်သူ​တို့​သည် သင့်​ရှေ့​၌​ခယဝပ်တွား​ကြ​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို နင်း​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။


အကြောင်းမူကား သင်​တို့​သည် ဘိုးဘေး​များ​ထံမှ​ဆက်ခံ​သည့် သင်​တို့​၏​အချည်းနှီး​သော​အသက်ရှင်​နေထိုင်​မှု​ထဲမှ ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​သည်​မှာ ရွှေ၊ ငွေ စသော​ယိုယွင်း​ပျက်စီး​တတ်​သည့်​အရာ​များ​အားဖြင့်​မ​ဟုတ်​ဘဲ


ဘုရားသခင်​၏​သေတ္တာ​တော်​သည် ရန်သူ့​လက်​သို့​ပါသွား​၍ ယောက္ခမ​နှင့်​ခင်ပွန်းသည်​တို့​လည်း ဆုံးပါး​သွား​သောကြောင့် “အစ္စရေး​လူမျိုး​ထံမှ ဘုန်းအသရေ ပျောက်ကွယ်​သွား​ပြီ”​ဟု ဆို​လျက် ထို​သူငယ်​၏​အမည်​ကို ဣခဗုဒ် ဟု​မှည့်ခေါ်​လေ​၏​။