ယေရမိ 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 “ဆိုက်ပရပ်ကမ်းရိုးတန်းဒေသများကို ဖြတ်၍ ကြည့်ရှုလော့။ ကေဒါပြည်သို့လူလွှတ်၍ အသေအချာစူးစမ်းစေလော့။ ဤသို့ဖြစ်ခဲ့ဖူးပြီလော။ အခန်းကိုကြည့်ပါ။Common Language Bible10 ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible10 ကု ပ ရု ကျွန်း များ သို့ ကူး သွား၍ မေး ကြည့် ခြင်း၊ ကေ ဒါ လူ မျိုး သို့ လွှတ်၍ စဉ်း စား ခြင်း ပြု လျက်၊ ဤ သို့ သော အ ရာ ဖြစ် မ ဖြစ် သိ မြင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible10 ခိတ္တိမ်ကျွန်းတို့သို့ ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကိုစေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် သင်တို့ဝန်းကျင်ရှိလူမျိုးတကာတို့ထက် သာ၍သောင်းကျန်း၏။ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို မလိုက်နာ၊ ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းကြ။ သင်တို့ဝန်းကျင်ရှိ လူမျိုးတကာတို့၏စီရင်ထုံးဖွဲ့ချက်တို့ကိုပင် မပြုကျင့်နိုင်ကြ’ဟု မိန့်တော်မူ၏။