၂ ရာချုပ် 13:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထာဝရဘုရား၏ယဇ်ပုရောဟိတ်များ၊ အာရုန်၏သားများနှင့် လေဝိအမျိုးများကို သင်တို့ နှင်ထုတ်၍ ဤပြည်သားများကဲ့သို့ ကိုယ့်ယဇ်ပုရောဟိတ်ကို ကိုယ်ခန့်ထားကြပြီ။ ကိုယ့်ကိုယ်ကိုသန့်စင်ရန် နွားသငယ်တစ်ကောင်၊ သိုးထီးခုနစ်ကောင်ကို ယူဆောင်လာလျှင်ပင် ထိုသူတို့သည် ဘုရားမဟုတ်သောအရာများ၏ယဇ်ပုရောဟိတ် ဖြစ်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။ အခန်းကိုကြည့်ပါ။Garrad Bible9 သင် တို့ သည်၊ ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် ဖြစ် သူ အာ ရုန့် အ နွယ်၊ လေ ဝိ ဂိုဏ်း သား တို့ ကို နှင် ထုတ် လျက်၊ လူ မျိုး ခြား တို့ ထုံး နည်း အ လိုက်၊ ပ ရော ဟိတ် များ ကို ခန့် ထား ကြ ပြီ မ ဟုတ် လော။ မည် သူ မ ဆို၊ နွား ပေါက် တစ် ကောင်၊ သိုး ထီး ခု နစ် ကောင် ပါ လျက်၊ ကိုယ် ကို သီး သန့် ရာ လာ လျှင်၊ ဘု ရား မ ဟုတ် သော အ ရုပ် ထံ၊ ပ ရော ဟိတ် အ ရာ ကို ခံ နိုင် ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible9 သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ်၊ အာရုန်အမျိုးနှင့် လေဝိအမျိုးသားတို့ကို နှင်ထုတ်၍၊ တစ်ပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ်အဖို့ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြပြီမဟုတ်လော။ ထိုသို့နှင့်အညီ၊ နွားသငယ်တစ်ကောင်နှင့် သိုးခုနစ်ကောင်ကိုပေး၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကို ခံသောသူမည်သည်ကား၊ ဘုရားမဟုတ်သောသူထံမှာ ယဇ်ပုရောဟိတ်ပြုရသည်တကား။ အခန်းကိုကြည့်ပါ။ |
ဤသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင်လည်း ယေရောဗောင်မင်းကြီးသည် လမ်းမှားကိုမစွန့်။ အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်ကို သာမန်လူများထဲမှ ရွေးကောက်ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်လိုသူများကို မိမိကိုယ်တိုင်ခန့်အပ်ရာ ထိုသူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။