၄ ရာ 1:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က တိရှဘိမြို့သားဧလိယအား “ထလော့။ ရှမာရိဘုရင်၏တမန်တို့နှင့်သွားတွေ့ပြီး သူတို့အား ‘ဧကြုန်ဘုရားဗာလဇေဗုပ်ထံသွား၍ မေးမြန်းစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော’ဟု ပြောလော့။ အခန်းကိုကြည့်ပါ။Common Language Bible3 သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။- အခန်းကိုကြည့်ပါ။Garrad Bible3 တိ ရှ ဘိ မြို့ သား ဧ လိ ယ အား ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ရှ မာ ရိ ဘု ရင် စေ လွှတ် သော သံ တ မန် တို့ ကို တွေ့ ဆုံ ရန် ထ သွား ၍ ဆင့် ဆို ရ မည် မှာ ဣ သ ရေ လ ပြည်၌ ဘု ရား မ ရှိ သော ကြောင့် ဧ ကြုန် မြို့ ရှိ ဗာ လ ဇေ ဗုပ် ဘု ရား ထံ မေး ရန် သွား ရာ သ လော။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရား၏ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင်စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှာ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ အခန်းကိုကြည့်ပါ။ |
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။