မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ယေရမိ 16:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သင်တို့၏ဘိုးဘေးတို့ထက် ဆိုးညစ်သောအမှုကို သာ၍ပြုကြ၏။ ကြည့်ရှုလော့။ သင်တို့သည် ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့ အသီးသီးလိုက်သွားကြ၏။ Common Language Bible သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။- Garrad Bible ဗျာ ဒိတ် တော် ကို မ နာ ခံ သည့် တိုင် အောင်၊ ခက် မာ သော ကိုယ့် သ ဘော အ တိုင်း၊ အ သီး အ သီး တို့ လိုက် လျှောက် ကြ သည် မှာ၊ ဘိုး ဘေး တို့ ထက် ဆိုး သွမ်း သော ကြောင့် တည်း။ Judson Bible ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ ခိုင်မာသောသဘောသို့ လိုက်သောကြောင့်လည်းကောင်း၊ |
မြေကြီးပေါ်တွင် လူ၏မကောင်းမှုများပြား၍ လူ့စိတ်နှလုံး၏တွေးတောကြံစည်မှုရှိသမျှတို့သည် အစဉ်အမြဲဆိုးညစ်ခြင်းသက်သက်သာဖြစ်ကြောင်းကို ထာဝရဘုရားမြင်တော်မူ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
သို့သော် သူတို့က “မျှော်လင့်စရာမရှိ။ ထို့ကြောင့် ငါတို့သည် ကိုယ့်အကြံအစည်နောက်သို့ ကိုယ်လိုက်မည်။ ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း ပြုမည်”ဟု ပြောဆိုကြ၏။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
သူတို့၏စိတ်တပ်မက်မှုနောက်သို့လိုက်ကြ၏။ သူတို့ဘိုးဘေးများ သင်ကြားပေးခဲ့သည့်အတိုင်း ဗာလဘုရားနောက်သို့လိုက်ကြ၏”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
ထို့ကြောင့် အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် ဘိုးဘေးတို့၏အပြုအမူအကျင့်အကြံအတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြသလော။ သူတို့ပြုသော ရွံရှာဖွယ်ရာနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းကြသလော’ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
ဤကျိန်ဆိုသောစကားများကိုကြားသောအခါ ‘ငါသည် ငါ့စိတ်သဘောအတိုင်း လိုက်လျှောက်သော်လည်း ငါသည် ဘေးကင်းလျက်ရှိ၏’ဟု ဆိုလျက် စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်ကောင်းချီးပေးတတ်သောသူသည် ရေဝသောမြေ ခြောက်သွေ့သွားသကဲ့သို့ ဖျက်ဆီးခြင်းခံရမည်။
ကိုယ်တော်၏အစေအပါး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့ကိုအောက်မေ့တော်မူပါ။ ဤလူမျိုး၏ခေါင်းမာခြင်း၊ ဆိုးယုတ်ခြင်း၊ အပြစ်ပြုခြင်း တို့ကို မှတ်တော်မမူပါနှင့်။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။
ပုန်ကန်ခြင်းအပြစ်သည် ဂမ္ဘီရပညာသုံးခြင်းအပြစ်နှင့် အတူတူပင်ဖြစ်၏။ ခေါင်းမာခြင်းသည် မကောင်းမှုပြုခြင်း၊ ရုပ်တုကိုးကွယ်ခြင်းပင်ဖြစ်၏။ သင်သည် ထာဝရဘုရား၏စကားကိုပယ်သောကြောင့် ထာဝရဘုရားသည်လည်း သင့်ကို ဘုရင်အဖြစ်မှပယ်တော်မူပြီ”ဟု သူ့အား ဆို၏။