ယေရမိ 16:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုအခါ သင်က သူတို့အား ‘ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများနောက်သို့ လိုက်ကြပြီ။ ထိုဘုရားတို့ကို အစေခံကြပြီ။ ပျပ်ဝပ်ကြပြီ။ ငါပညတ်ထားသောတရားကို မစောင့်ထိန်းကြ။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။- အခန်းကိုကြည့်ပါ။Garrad Bible11 ငါ၏ ပ ညတ် တ ရား ကို မ စောင့် ရှောက် ဘဲ၊ ငါ့ ကို စွန့် ပစ် ပယ် ထား ကြ သည့် ပြင်၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊ အခန်းကိုကြည့်ပါ။Judson Bible11 သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတစ်ပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားသည် သူတို့အား ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က ‘သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်ပယ်၍ အခြားသောဘုရားတို့ကို ဆည်းကပ်လျက် ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် သူတို့ကို ဤဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့စေတော်မူပြီ’ဟူ၍ ပြန်ပြောကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။