ယေရမိ 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက သင့်အား စိမ်းလန်းလှပ၍ အသီးကောင်းသောသံလွင်ပင်ဟု နာမည်မှည့်ခေါ်ခဲ့၏။ သို့သော် ကြီးမားသောမြည်ဟိန်းသံဖြင့် မီးရှို့ပစ်၍ အကိုင်းအခက်တို့သည်လည်း လောင်ကျွမ်းသွားလိမ့်မည်။ Common Language Bible အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။ Garrad Bible ရှု ချင် ဖွယ် အ သီး သီး လျက်၊ စိမ်း လန်း လှ ပ သော သံ လွင် ပင် ဟု၊ သင့် ကို ငါ ထာ ဝ ရ ဘု ရား သ မုတ် သော် လည်း၊ ပြင်း ထန် သော မုန် တိုင်း သံ နှင့် တ ကွ၊ လောင် မီး ချ သ ဖြင့်၊ အ ခိုင် အ လက် များ ပျက် စီး လေ စွ။ Judson Bible စိမ်းလန်းလှပ၍ ကောင်းသောအသီးကို သီးသောသံလွင်ပင်ဟု၊ သင့်ကို ထာဝရဘုရား သမုတ်တော်မူ၏။ ကြီးသောအသံဗလံနှင့် ထိုအပင်ကို မီးရှို့တော်မူ၍၊ အခက်အလက်တို့သည် ကျွမ်းလောင်ကြ၏။ |
သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။
ထိုအပင်သည် မီးရှို့ခြင်း၊ ခုတ်လှဲခြင်းခံရပါပြီ။ သူတို့သည် ရှေ့တော်၌ ဆုံးမခြင်းခံရ၍ ပျက်စီးကြရပါ၏။
ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏လက်ယာဘက်၌ရှိသောလူတည်းဟူသော ကိုယ်တော်တိုင်အတွက် ကြံ့ခိုင်စေတော်မူသော လူ့သားအပေါ် တည်ပါစေသော။
အကြောင်းမူကား ကိုယ်တော်၏ရန်သူတို့သည် ဆူပူသောင်းကျန်းကြပြီး ကိုယ်တော်ကိုမုန်းသောသူတို့သည် ခေါင်းထောင်လာကြပါ၏။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။
ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
သူသည် အညွန့်ထွက်လာ၍ သံလွင်ပင်ကဲ့သို့ ကျက်သရေရှိလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ မွှေးကြိုင်လိမ့်မည်။
ပုဆိန်ကို သစ်ပင်တို့၏အမြစ်နားတွင်ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။
တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
သင့်နယ်မြေတစ်ခွင်လုံးတွင် သံလွင်ပင်ရှိသော်လည်း အသီးကြွေကျသောကြောင့် သင်သည် သံလွင်ဆီကိုလိမ်းရမည်မဟုတ်။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။