ယေရမိ 21:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ရာတွင်ငါသည်သင်ပြုခဲ့သည့်အမှု များအတွက်အပြစ်ဒဏ်ခတ်တော်မူမည်။ ငါသည်သင်၏နန်းတော်ကိုမီးသင့်လောင် စေမည်။ ထိုမီးသည်နီးနားပတ်လည်တွင်ရှိ သမျှသောအရာတို့ကိုကျွမ်းလောင်သွားစေ လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက် ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ငါ သည် သင့် တစ် ဘက်၌ နေ လျက်၊ အ ပြု အ မူ ၏ အ ကျိုး ဆက် အ လျောက် အ စီ အ ရင် လာ ၍၊ ပတ် လည် ရှိ သမျှ ကျွမ်း လောင် ရန် မီး ကို၊ သစ် တော တွင် မွေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ယေ ရ မိ ပြန် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့အကျင့်နှင့် ထိုက်လျောက်အောင် အပြစ်ဒဏ်ကိုငါပေးမည်။ သင်တို့တောကို ငါရှို့သောမီးသည်၊ ပတ်လည်၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။