သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။
ယေဇကျေလ 9:2 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ လူခြောက်ယောက်သည် လူသတ်လက်နက်အသီးသီးကိုင်ဆောင်လျက် မြောက်ဘက်မျက်နှာမူထားသော အထက်တံခါးလမ်းမှ ဝင်လာ၍ ကြေးနီယဇ်ပလ္လင်ဘေးတွင် ရပ်နေကြ၏။ သူတို့အလယ်တွင် ပိတ်ချောထည်ကိုဝတ်လျက် ခါး၌မင်အိုးဆောင်ထားသောလူတစ်ယောက် ရပ်နေ၏။ Common Language Bible ထိုအခါချက်ချင်းပင်လက်နက်တစ်ခု စီကိုင်ဆောင်ထားသောလူခြောက်ယောက်တို့ သည် ဗိမာန်တော်မြောက်ဘက်အပြင်တံခါး မှထွက်၍လာကြ၏။ သူတို့နှင့်အတူပိတ် ချောထည်ကိုဝတ်ဆင်ကာ စာရေးကိရိယာ ကိုယူဆောင်လာသူလူတစ်ဦးလည်းပါ၏။ သူတို့အားလုံးပင်ကြေးဝါယဇ်ပလ္လင် အနီးသို့လာ၍ရပ်ကြ၏။ Garrad Bible ကွပ် မျက် ရန် လက် နက် ကိုင် စွဲ သူ ခြောက် ပါး တို့ သည်၊ ပိတ် ထည် ဝတ် လျက်၊ ဘေး၌ ရေး ရန် မှင် အိုး လွယ် သူ တစ် ဦး ပါ၊ မြောက် မျက် နှာ အ ထက် တံ ခါး လမ်း ဖြင့် ဝင် လာ ပြီး လျှင်၊ ပူ ဇော် ရာ ကြေး ပ လ္လင် တော့် အ နီး၌ ရပ် နေ ကြ၏။ Judson Bible ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တစ်ယောက်သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ |
သို့သော် အထွတ်အမြတ်ထားရာနေရာတို့ကို မဖယ်ရှားခဲ့ပေ။ လူတို့သည် အထွတ်အမြတ်ထားရာနေရာများတွင် ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းမီးရှို့ပူဇော်လျက်ရှိ၏။ သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကိုလည်း တည်ဆောက်ခဲ့၏။
သူသည် ထာဝရဘုရား၏အိမ်တော်အထက်တံခါးကို တည်ဆောက်၏။ ဩဖေလမြို့ရိုးကိုလည်း ခိုင်ခံ့အောင် တည်ဆောက်၏။
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။
ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကလည်း “ကိုယ်တော်မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်ပြုပြီးပါပြီ”ဟု ပြန်လျှောက်လေ၏။
အစ္စရေးလူမျိုးတို့၏ဘုရားသခင်ဘုန်းတော်သည် စံတော်မူရာခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့လာပြီး ပိတ်ချောထည်ဝတ်ထား၍ ခါး၌မင်အိုးဆောင်ထားသောလူကို ခေါ်၏။
ငါမျှော်ကြည့်လိုက်သောအခါ ပိတ်ချောထည်ဝတ်ဆင်၍ ခါးတွင်ဥဖတ်မြို့မှထွက်သောရွှေစင်ခါးပန်း စည်းထားသောသူတစ်ယောက်ကို မြင်၏။
တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။