Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 4:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့ပြင် အလျား​အတောင်​နှစ်ဆယ်​၊ အနံ​အတောင်​နှစ်ဆယ်​၊ အမြင့်​ဆယ်​တောင်​ရှိ​သော ကြေးနီ​ယဇ်ပလ္လင်​ကို​လည်း ပြုလုပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ လျား အ နံ အ တောင် နှစ် ဆယ်၊ အ မြင့် ဆယ် တောင် ရှိ သော ပူ ဇော် ရာ ကြေး ပ လ္လင် ကို လည်း တည် လုပ် စေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 4:1
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်


ထာဝရဘုရား​ရှေ့​တော်​ရှိ ကြေးနီ​ယဇ်ပလ္လင်​သည် သေးငယ်​၍ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ထို​နေ့​တွင်ပင် ရှင်ဘုရင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို​လည်း သန့်ရှင်း​ခြင်း​ဝတ်​ကို​ပြု​၍ ထို​နေရာ​တွင်ပင် မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။


ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​အဖို့​တည်ဆောက်​သော​ယဇ်ပလ္လင်​ပေါ်တွင် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူဇော်​၏​။ နံ့သာပေါင်း​ကို​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မီးရှို့ပူဇော်​၏​။ ဤသို့ဖြင့် အိမ်​တော်​ကို လက်စသတ်​လေ​၏​။


ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ပြုလုပ်​သော​ကြေးနီ​ယဇ်ပလ္လင်​ကို ထာဝရဘုရား​၏​တဲ​တော်​ရှေ့​တွင် ထားရှိ​၏​။ ရှောလမုန်​မင်းကြီး​နှင့် လူထု​တို့​သည် ထို​ယဇ်ပလ္လင်​ကို ထာဝရဘုရား​ထံ​မေးမြန်း​ရာ​တွင် အသုံးပြု​ကြ​၏​။


အာသ​မင်းကြီး​သည် ထို​စကား​များ​နှင့် ပရောဖက်​ဩဒက် ပရောဖက်ပြု​သော​စကား​များ​ကို ကြား​သောအခါ အားတက်​လာ​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​၊ ဗင်္ယာမိန်​ပြည်​တစ်ပြည်လုံး​နှင့် ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​သိမ်းယူ​ထား​သော​မြို့ရွာ​များ​မှ ရွံရှာဖွယ်​ရာ​များ​ကို ဖယ်ရှား​ပစ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​ဆင်ဝင်​ရှေ့​ရှိ ထာဝရဘုရား​၏​ယဇ်ပလ္လင်​ကို​လည်း ပြုပြင်​လေ​၏​။


ထို့နောက် သူ​တို့​သည် ဟေဇကိ​မင်းကြီး​ရှေ့​သို့ အခစားဝင်​၍ “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး​၊ မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​၊ ရှေ့တော်မုန့်​တင်​ရာ​စားပွဲ​နှင့်​၎င်း​၏​အသုံးအဆောင်​များ​အားလုံး​တို့​ကို သန့်ရှင်း​စေ​ပါ​ပြီ​။


ရှောလမုန်​မင်းကြီး​တည်​ထား​သော​ကြေးနီ​ယဇ်ပလ္လင်​၌ မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​ရန် နေရာ​မ​ဆံ့​ပေ​။ ထို့ကြောင့် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ရှေ့​ရှိ ဝင်း​အတွင်း​ကို သန့်ရှင်း​စေ​၍ ထို​နေရာ​တွင်​ပင် မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်ကောင်​၏​အဆီ​တို့​ကို ပူဇော်​လေ​၏​။


ထို့နောက် ရှောလမုန်​မင်းကြီး​သည် ဆင်ဝင်​ရှေ့​တွင်​တည်​ထား​သော ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ပေါ်တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ