Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ်​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လော့​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ပိတ် ထည် ဝတ် သူ အား၊ ခေ ရု ဗ တို့ အောက် ရှိ စက် များ ကြား သို့ ဝင် လျက်၊ ခေ ရု ဗ တို့ စပ် ကြား မှ၊ မီး ကျီး ကို လက် တစ် ခုပ် သဲ့ ယူ၍၊ မြို့ ပေါ် တွင် ဖြန့် ကျဲ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ ငါ့ မျက် မှောက် တွင် ဝင် သွား လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:2
19 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


မီးခဲ​များ​သည် သူ​တို့​အပေါ်​သို့​ကျရောက်​ပါစေသော​။ သူ​တို့​သည် မီး​ထဲသို့​လည်းကောင်း​၊ တွင်းနက်​ထဲသို့​လည်းကောင်း ပစ်ချ​ခြင်း​ခံရ​ပါစေသော​။ တစ်ဖန် မ​ထ​ကြ​ပါစေ​နှင့်​။


ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။


ကရုဏာ​တော်​ပလ္လင်​၏​အစွန်း​နှစ်​ဖက်​၌ ခေရုဗိမ်​နှစ်​ပါး​ကို ရွှေ​ဖြင့်​ထုလုပ်​ထား​ရ​မည်​။


ထာဝရဘုရား​သည် မိမိ​၏​ဘုန်းကြီး​သော​အသံ​ကို ကြား​စေ​တော်မူ​မည်​။ ပြင်းထန်​သော​အမျက်​တော်​၊ တောက်လောင်​နေ​သော​မီးတောက်​မီးလျှံ​နှင့်တကွ သည်းထန်​သော​မိုး​၊ မုန်တိုင်း​၊ မိုးသီး​တို့​ဖြင့် လက်ရုံး​တော်​ကြွဆင်း​လာ​သည်​ကို မြင်​စေ​တော်မူ​မည်​။


ထို​သတ္တဝါ​တို့​၏​သဏ္ဌာန်​သည် မီးတောက်​နေ​သော မီးခဲ​သဏ္ဌာန်​နှင့်​တူ​၏​။ မီးရှူးမီးပန်း​သဏ္ဌာန်​နှင့်​တူ​သော​အရာ​များ​သည်​လည်း ထို​သတ္တဝါ​တို့​ကြား​တွင် ရွေ့လျား​သွားလာ​လျက်​ရှိ​၏​။ မီး​သည် တောက်ပ​လျက် မီး​ထဲမှ​လည်း လျှပ်စီး​တဖျပ်ဖျပ်လက်​လျက်​ရှိ​၏​။


ထိုသို့ ခေရုဗိမ်​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။


ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။


ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။


ထို့နောက် ထို​ကောင်းကင်​တမန်​သည် နံ့သာ​ပူဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီးလျှင် မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​ရာ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ ဖြစ်ပေါ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ