Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 9:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ပိတ်ချောထည်​ဝတ်​ထား​၍ ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​က​လည်း “​ကိုယ်တော်​မိန့်မှာ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​ပြု​ပြီး​ပါ​ပြီ​”​ဟု ပြန်လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ထို​နောက်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင်​လာ​သူ​က``အ ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ'' ဟု ထာ​ဝ​ရ ဘု​ရား​အား​လာ​ရောက်​အ​စီ​ရင်​ခံ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ပိတ် ထည် ဝတ် လျက် ဘေး၌ မှင် အိုး လွယ် သူ က၊ ကျွန် တော် သည် အ မိန့် တော် အ တိုင်း ပြီး မြောက် ပါ ပြီ ဟူ၍ တင် လျှောက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​သော​သူ​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 9:11
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​၍ အမိန့်​တော်​သံ​ကို​နာခံ​ကြ​သည့် တန်ခိုး​ခွန်အားကြီး​သော ကိုယ်တော်​၏​ကောင်းကင်တမန်​တို့​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။


ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဦးခေါင်း​အထက်​မိုးမျက်နှာကြက်​တွင် နီလာရောင်​အဆင်းသဏ္ဌာန်​ပလ္လင်​နှင့်​တူ​သော​အရာ​တစ်​ခု ပေါ်လာ​သည်​ကို တွေ့​ရ​၏​။


ထို့ကြောင့် ငါ​သည် သူ​တို့​ကို သနား​ညှာတာ​မည်​မ​ဟုတ်​။ သူ​တို့​ပြုမူကျင့်ကြံ​ခဲ့​သည်​တို့​ကို သူ​တို့​ခေါင်း​ပေါ်​ပြန်ရောက်​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ လူ​ခြောက်​ယောက်​သည် လူသတ်​လက်နက်​အသီးသီး​ကိုင်ဆောင်​လျက် မြောက်ဘက်​မျက်နှာမူ​ထား​သော အထက်​တံခါး​လမ်း​မှ ဝင်လာ​၍ ကြေးနီ​ယဇ်ပလ္လင်​ဘေး​တွင် ရပ်​နေ​ကြ​၏​။ သူ​တို့​အလယ်​တွင် ပိတ်ချောထည်​ကို​ဝတ်​လျက် ခါး​၌​မင်အိုး​ဆောင်​ထား​သော​လူ​တစ်​ယောက် ရပ်​နေ​၏​။


သတ္တမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို အာကာသ​ထဲသို့​သွန်းလောင်း​သောအခါ ဗိမာန်​တော်​ထဲရှိ ပလ္လင်​တော်​မှ ကျယ်လောင်​သော​အသံ​ထွက်ပေါ်​လာ​၍ “အမှု​ပြီးမြောက်​ပြီ”​ဟု ဆို​၏။


ပထမ​ကောင်းကင်​တမန်​သည် သွား​၍ သူ​၏​ဖလား​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​အမှတ်တံဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​များ​၌ အလွန်​ဆိုးရွား​သော​အနာစိမ်း​များ​ပေါက်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ