ယေဇကျေလ 9:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် “ဤမြို့ကိုဒဏ်ခတ်မည့်သူတို့၊ ဖျက်ဆီးခြင်းလက်နက် ကိုယ်စီကိုင်ဆောင်၍ လာကြလော့”ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူသောအသံကို ငါကြားရ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထိုနောက်ဘုရားသခင်က``ယေရုရှလင်မြို့ ကိုစောင့်နေသူတို့လာကြလော့။ သင်တို့နှင့် အတူလက်နက်များကိုလည်းယူခဲ့ကြ လော့'' ဟုကျယ်သောအသံနှင့် မိန့်တော်မူ သည်ကိုငါကြားရ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို့ နောက် ကိုယ် တော် က မြို့ တော် ကို ဒဏ် ခတ် အံ့ သူ တို့ သည်၊ ဖျက် ဆီး ရန် လက် နက် ကိုင် စွဲ လျက် ချဉ်း လာ ကြ စေ ဟု၊ ငါ့ ရှေ့ တွင် အ သံ ကျယ် စွာ ခေါ် တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible1 ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
ထို့နောက် သူတို့သည် ယဇ်ကောင်များကို မီးရှို့ပူဇော်ရန် အထဲသို့ဝင်သွားကြ၏။ ယေဟုသည် အပြင်ဘက်တွင် လူအယောက်ရှစ်ဆယ်ကို နေရာချထားပြီး “သင်တို့လက်သို့ ငါအပ်လိုက်သောသူတစ်စုံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ထိုသူ၏အသက်အစား ကိုယ့်အသက်ကို ပြန်ပေးရမည်”ဟု မိန့်မှာထား၏။