သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ယေဇကျေလ 7:4 - မြန်မာ့စံမီသမ္မာကျမ်း သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ရွံ ရှာ ဖွယ် အ ပြစ် များ ထက် ကြပ် ပါ လျက်၊ လေ့ လာ တိုင်း ဆပ် ပေး သ ဖြင့်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။ Judson Bible ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံရှာဖွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ |
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
လူနေရာမြို့တို့သည် တိတ်ဆိတ်သွားလိမ့်မည်။ ပြည်သည် လူသူကင်းမဲ့သွားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
သင်သည် သင့်အစ်မလိုက်သောလမ်းအတိုင်း လိုက်သဖြင့် သူ၏ခွက်ဖလားကို သင့်လက်သို့ ငါအပ်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့တွင် လူတို့ လဲကျသေဆုံးကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ယခုမှာ သင့်နိဂုံးချုပ်ချိန်သည် သင့်ထံရောက်လာပြီ။ သင့်ထံသို့ ငါ့အမျက်ကို လွှတ်လိုက်မည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကိုစီရင်မည်။ သင်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို သင့်အား ပြန်ပေးဆပ်စေမည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။
တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။