ယေဇကျေလ 33:29 - မြန်မာ့စံမီသမ္မာကျမ်း29 သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။Common Language Bible29 ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible29 ပြု ဖူး သော ရွံ ရှာ ဖွယ် မှု များ အ တွက်၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု၊ အ သက် တော် ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို ဆင့် ဆို လော့။ အခန်းကိုကြည့်ပါ။Judson Bible29 ပြည်သားတို့သည် ပြုမိသော စက်ဆုပ်ဖွယ်အမှု အလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင် ပယ်ရှင်းသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။