Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထာဝရဘုရား​က ငါ့​အား “အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း”​ဟု မေး​တော်မူ​လျှင် ငါ​က “ချိန်ကြိုး​ကို မြင်​ပါ​သည်”​ဟု လျှောက်​၏​။ ထိုအခါ ဘုရားရှင်​က “ကြည့်ရှု​လော့​။ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အလယ်​တွင် ချိန်ကြိုး​ကို ငါ​ချ​မည်​။ သူ​တို့​ကို နောက်တစ်ဖန် အလွတ်​ပေး​မည် မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊ ငါ​က​လည်း``ချိန်​ကြိုး​တစ်​ချောင်း​ကို မြင်​ရ​ပါ​သည်​ဘု​ရား'' ဟု​လျှောက်​ဆို​၏။ ကိုယ်​တော်​ရှင်​က​လည်း၊``ငါ​၏​လူ​မျိုး​သည် ရွေ့​စောင်း​နေ​သော​နံ​ရံ​သ​ဖွယ်​ဖြစ်​နေ​သည် ကို ဤ​ချိန်​ကြိုး​ဖြင့်​ပြ​ဆို​ရ​ပြီ။ သူ​တို့​ကို ဒဏ်​ခတ်​ရန်​နောက်​တစ်​ဖန်​စိတ်​ပြောင်း​တော့ မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အို အာ မုတ်၊ မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး တော် မူ သော်၊ မှန် ထုပ် ကို မြင် ပါ သည် ဟု လျှောက် လျှင်၊ အ ရှင် ဘု ရား က၊ ငါ သည် နောင် ချမ်း သာ မ ပေး ဘဲ၊ ဣ သ ရေ လ လူ မျိုး တော့် ဘောင် တွင် မှန် ထုပ် ကို ချ မည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 7:8
15 ပူးပေါင်းရင်းမြစ်များ  

ရှမာရိ​မြို့​ကို တိုင်း​သော​မျဉ်းကြိုး​၊ အာဟပ်​မင်းမျိုးမင်းနွယ်​ကို တိုင်း​သော​ချိန်သီး​ဖြင့် ဂျေရုဆလင်​မြို့​ကို တိုင်းတာ​မည်​။ ပန်းကန်​ကို​သုတ်​သကဲ့သို့ ဂျေရုဆလင်​မြို့​ကို​သုတ်​ပစ်​ပြီး မှောက်​ထား​မည်​။


ငါ​သည် တရားမျှတမှု​ကို မျဉ်းကြိုး​ဖြစ်​စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို မှန်ထုပ်​ဖြစ်စေ​မည်​။ မိုးသီး​သည် လိမ်လည်မှု​တို့​ခိုလှုံ​ရာ​အရပ်​ကို ဖယ်ရှား​မည်​။ ရေ​သည် ပုန်းခို​ရာ​အရပ်​ကို​လွှမ်းမိုး​မည်​။


ငှက်ကြီးဝန်ပို​၊ ဖြူကောင်​တို့​သည် ထို​ပြည်​ကို​ပိုင်ဆိုင်​ကြ​လိမ့်မည်​။ ဒီးဒုတ်​၊ ကျီးကန်း​တို့​သည် ထို​ပြည်​၌​နေ​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​ပြည်​ကို လဟာ​မျဉ်းကြိုး​၊ ဗလာနတ္တိ​ချိန်ထုပ်​တို့​ဖြင့် တန်း​တော်မူ​လိမ့်မည်​။


တစ်ဖန် ထာဝရဘုရား​က “​သင်​သည် ငါ့​ကို ပစ်ပယ်​လေ​ပြီ​။ ငါ့​ကို ကျောခိုင်း​သွား​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် လက်​ကို​ဆန့်​၍ သင့်​ကို ဖျက်ဆီး​မည်​။ သင့်​ကို သက်ညှာ​ရ​သည်​မှာ ငါ​ပင်ပန်း​လှ​ပြီ​။


ထာဝရဘုရား​သည် ဇိအုန်​သမီးပျို​၏​မြို့ရိုး​ကို ဖျက်ဆီး​မည်​ဟု ကြံရွယ်​တော်မူ​ပြီ​။ မျဉ်းကြိုး​ကို​ချ​ပြီး လက်​တော်​ကို​ဆန့်​လျက် ဖျက်ဆီး​တော်မူ​ပြီ​။ တံတိုင်း​နှင့်​မြို့ရိုး​တို့​အား ငိုကြွေးမြည်တမ်း​စေ​တော်မူ​ပြီ​။ အားလုံး​ပြိုကျပျက်စီး​လေ​ပြီ​။


တစ်ဖန် ဂေါမာ​သည်​ကိုယ်ဝန်ဆောင်​၍ သမီး​ကို​မွေးဖွား​၏​။ ထိုအခါ ထာဝရဘုရား​က ဟောရှေ​အား “​ဤ​သမီး​အမည်​ကို လောရုဟာမာ​ဟု မှည့်ခေါ်​လော့​။ အကြောင်းမှာ ငါ​သည် အစ္စရေး​အမျိုးအနွယ်​ကို သနားစုံမက်​တော့​မည်​မ​ဟုတ်​။ လုံးဝ​ခွင့်လွှတ်​တော့​မည်​မ​ဟုတ်​။


တစ်ဖန် ငါ့​အား ဤသို့ မြင်​စေ​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဘုရားရှင်​သည် ချိန်ကြိုး​ကို​ကိုင်​လျက် ချိန်ကြိုး​ဖြင့်​တိုင်းတာ​ဆောက်လုပ်​ထား​သော မြို့ရိုး​ပေါ်တွင်​ရပ်​နေ​၏​။


ကိုယ်တော်​က “​အာမုတ်​၊ သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​တော်မူ​လျှင် ငါ​က “​နွေရာသီသီးနှံ​ထည့်​ထား​သော​တောင်း​ကို မြင်​ပါ​၏​”​ဟု လျှောက်​ရာ ထာဝရဘုရား​က “​ငါ့​လူမျိုး​တော်​အစ္စရေး​တို့​၏​နိဂုံး​သည် ရောက်လာ​လေ​ပြီ​။ သူ​တို့​ကို ငါ​အလွတ်ပေး​တော့​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​နှင့်​တူ​သော​ဘုရား​ရှိ​ပါ​သလော​။ ကိုယ်တော်​သည် အပြစ်​လွှတ်​တော်မူ​သော​ဘုရား​၊ ကြွင်းကျန်​သော​အမွေ​တော်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​တော်မူ​သော​ဘုရား​၊ အမျက်​တော်​ကို​သို​မ​ထား မေတ္တာကရုဏာ​အစဉ်​ပြ​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​၏​။


သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။


ငါ့​အား “​သင်​မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​သော် ငါ​က​လည်း “ထိပ်​တွင် ဖလား​တစ်​ခု​ပါ​ပြီး ရွှေ​အတိ​ဖြစ်​သော​ဆီမီးခုံ​ကို မြင်​ရ​ပါ​၏​။ ထို​ဆီမီးခုံ​တွင် အလက်​ခုနစ်​ခု​ပါ​၏​။ ထို​အလက်​များ​ထိပ်​တွင် မီးခွက် ခုနစ်​ခု​ပါရှိ​၏​။


ထိုအခါ ကောင်းကင်တမန်​က ငါ့​အား “​သင် မည်သည့်​အရာ​ကို မြင်​သနည်း​”​ဟု မေး​လျှင် ငါ​က “​အလျား​အတောင်​နှစ်ဆယ်​၊ အနံ​ဆယ်​တောင်​ရှိ​သော​စာလိပ်​တစ်လိပ် ပျံဝဲ​နေ​သည်​ကို မြင်​ရ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ