ဘုရားသခင်က နောဧအား “လူအပေါင်းတို့၏အဆုံးသည် ငါ့ရှေ့မှောက်သို့ရောက်လာပြီ။ အကြောင်းမူကား မြေကြီးသည် သူတို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ကြည့်ရှုလော့။ ငါသည် သူတို့ကို မြေကြီးနှင့်အတူဖျက်ဆီးမည်။
ယေဇကျေလ 7:3 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ သင့်နိဂုံးချုပ်ချိန်သည် သင့်ထံရောက်လာပြီ။ သင့်ထံသို့ ငါ့အမျက်ကို လွှတ်လိုက်မည်။ သင်ပြုခဲ့သည့်အတိုင်း သင့်ကိုစီရင်မည်။ သင်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို သင့်အား ပြန်ပေးဆပ်စေမည်။ Common Language Bible ``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။- Garrad Bible သင့် အ ပေါ် သို့ အ ဆုံး ရောက် ဆဲ ဖြစ် သည် နှင့် အ ညီ၊ အ လေ့ အ လာ များ အ လိုက် အ မျက် တော် ထား၍ ငါ တ ရား စီ ရင် လျက်၊ ရွံ့ ရှာ ဖွယ် အ ပြစ် ဟူ သ မျှ ကို ဆပ် ပေး မည်။ Judson Bible သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကိုငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့်အလျောက် ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏ အကျိုးအပြစ်ကိုဆပ်ပေးမည်။ |
ဘုရားသခင်က နောဧအား “လူအပေါင်းတို့၏အဆုံးသည် ငါ့ရှေ့မှောက်သို့ရောက်လာပြီ။ အကြောင်းမူကား မြေကြီးသည် သူတို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ ကြည့်ရှုလော့။ ငါသည် သူတို့ကို မြေကြီးနှင့်အတူဖျက်ဆီးမည်။
သင်က “ငါသည် သခင်မ ထာဝစဉ်ဖြစ်နေမည်”ဟု ဆိုလျက် ဤအရာတို့ကိုနှလုံးမသွင်း၊ အဆုံးကိုလည်း မအောက်မေ့။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အို အစ္စရေးအမျိုး၊ သင်တို့နည်းလမ်းအတိုင်း သင်တို့တစ်ဦးစီကို ငါစီရင်မည်။ သင်တို့ အပြစ်ကျူးလွန်ရာမှ နောင်တရ၍ ပြန်လာလော့။ သို့ပြုလျှင် သင်တို့ပြုသောအပြစ်သည် သင်တို့အဖို့ ခလုတ်တံသင်း ဖြစ်မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။
ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေပြီ။ သူတို့၏အပြုအမူအကျင့်အကြံအတိုင်း သူတို့ကို ငါစီရင်ပြီ။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် အမိဝမ်းထဲ၌ အစ်ကို၏ဖနောင့်ကို ကိုင်ဆွဲထားခဲ့၏။ သူသည် မိမိခွန်အားဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခဲ့၏။
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။