ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။
ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
ပုန် ကန် လေ့ ရှိ သော အ မျိုး သား တို့ အား၊ ပုံ ဆောင်၍ ဆင့် ဆို ရ မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ အိုး တည် လျက် ရေ ထည့် ပြီး လျှင်၊
ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကားတည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌တင်ထား၍ ရေကိုလောင်းလော့။
ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။
ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ထံသို့ရောက်လာ၍ “သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “မြောက်ဘက်မှမျက်နှာမူသည့် ဆူပွက်နေသောအိုးကိုမြင်ပါ၏”ဟု လျှောက်၏။
ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
ဤမြို့သည် ဟင်းအိုးကဲ့သို့၊ သင်တို့သည် ဟင်းအိုးထဲမှအသားကဲ့သို့ မဖြစ်စေရ။ သင်တို့ကိုအစ္စရေးနယ်စပ်တွင် ငါတရားစီရင်မည်။
သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသည့်အတိုင်း မြို့ထဲ၌ သင်တို့ကြောင့်ပုံနေသောအသေကောင်တို့သည် အသားဖြစ်ပြီး မြို့သည် အိုးဖြစ်မည်။ သင်တို့မူကား မြို့မှ နှင်ထုတ်ခံရမည်။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
ငါထာဝရဘုရားသည် မိန့်ဆိုလျှင် မိန့်ဆိုသည့်အတိုင်း မကြန့်ကြာဘဲဖြစ်လာလိမ့်မည်။ အို ပုန်ကန်တတ်သောအမျိုးအနွယ်၊ ငါပြောသောစကားသည် သင်တို့လက်ထက်တွင် အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။
“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။
ထိုသို့မိန့်တော်မူစဉ် ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်ပြီး ငါ့ကို မတ်တတ်ရပ်စေသောအခါ ငါနှင့်စကားပြောသောသူ၏အသံကို ငါကြားရ၏။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိရလိမ့်မည်။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘လူအသက်သတ်သောမြို့သည် အမင်္ဂလာရှိ၏။ တိုက်ချွတ်မရအောင် အညစ်အကြေးကပ်နေသောအိုးထဲမှ အသားတုံးများကို မရွေးဘဲ တစ်တုံးပြီးတစ်တုံး ထုတ်လော့။
ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။