အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 22:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင့်​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အရပ်ရပ်​သို့ ပျံ့နှံ့​စေ​မည်​။ သင်​၏​အညစ်အကြေး​ကို သင့်​ထံမှ အကုန်အစင်​ဖယ်ရှား​ပစ်​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လူ အ မျိုး မျိုး အ ပြည် ပြည် တွင်၊ အ နှံ့ အ ပြား ကွဲ လွင့် စေ သ ဖြင့်၊ သင့် အ ညစ် အ ကြေး ကို ကုန် ခန်း စေ မည်။၊

အခန်းကိုကြည့်ပါ။

Judson Bible

သင့်​ကို​လည်း အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင်၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​မည်။ သင်၏​အ​ညစ်​အ​ကြေး​ကို​လည်း ပယ်​ရှင်း​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 22:15
25 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​အစေအပါး​မောရှေ​အား ‘​သင်​တို့ သစ္စာမဲ့​လျှင် သင်​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။


ပြီးလျှင် ငါ့​လက်​ကို သင့်​အပေါ်​သို့ ပြန်ရောက်​စေ​မည်​။ သင်​၌​ကပ်​နေ​သော​ချော်​ကို ပြာရည်​ဖြင့်​ချွတ်ပစ်​၍ သင်​၌​ရောနေသောခဲ​ကို ငါ​အကုန်​ဖယ်ရှား​မည်​။


ဂျေရုဆလင်​မြို့​၌ ဟေဇကိ​၏​သား​၊ ယုဒ​ဘုရင်​မနာရှေ​ပြု​ခဲ့​သော​အမှု​ကြောင့် ငါ​သည် သူ​တို့​အား မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် ထိတ်လန့်စရာ​ဖြစ်​စေ​မည်​။


ထို့ပြင် ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​မည်​ဟု တောကန္တာရ​၌ သူ​တို့​အား ကျိန်ဆို​ခဲ့​၏​။


ငါ့​ကို ပုန်ကန်​သော​သူ​၊ ပြစ်မှား​သော​သူ​တို့​ကို ငါ​သုတ်သင်​ပစ်​မည်​။ သူ​တို့​ကို တည်းခိုနေထိုင်​ရ​သော​ပြည်​မှ​ထုတ်ဆောင်​လာ​မည်​ဖြစ်​သော်လည်း အစ္စရေး​ပြည်​ထဲသို့ သူ​တို့​ဝင်​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။


“​အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​သည် ချော်​နှင့်​တူ​လေ​ပြီ​။ သူ​တို့​အားလုံး​သည် မီးပြင်းဖို​ထဲမှ ကြေးနီ​၊ သံဖြူ​၊ သံ​၊ ခဲ​များ​ဖြစ်​ကြ​ပြီ​။ ငွေ​စစ်ရာ​မှ ထွက်လာ​သော​ချော် ဖြစ်​ကြ​ပြီ​။


ငွေ​သည် မီးပြင်းဖို​ထဲ​၌ အရည်ပျော်​ရ​သကဲ့သို့ သင်​တို့​သည်​လည်း ထို​မီး​ထဲ​တွင် အရည်ပျော်​ရ​လိမ့်မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် သင်​တို့​အပေါ် အမျက်​တော်​သွန်ချ​တော်မူ​ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


အီဂျစ်​ပြည်​၌​သင်​ပြု​ခဲ့​သော ဖောက်ပြန်မှားယွင်းမှု​၊ ညစ်ညမ်းမှု​တို့​ကို ငါ​အဆုံးသတ်​စေ​မည်​ဖြစ်၍ သင်​သည် အီဂျစ်​ပြည်​ကို အမှတ်ရ​တော့​မည်​မ​ဟုတ်​၊ မျှော်ကြည့်​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


ငါ့​သိုး​တို့​သည် တောင်တန်း​ရှိသမျှ​၊ ကုန်းမြင့်​ရှိသမျှ​တို့​တွင် လှည့်လည်​သွားလာ​နေ​ရ​ပြီ​။ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​ကုန်​ပြီ​။ ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​သူ တစ်ယောက်မျှ​မ​ရှိ’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​ပြီ​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ငါ​စီရင်​ပြီ​။


သင်​တို့​ထဲ​တွင် မိဘ​တို့​သည် သားသမီး​အသား စား​ကြ​လိမ့်မည်​။ သားသမီး​တို့​သည်​လည်း မိဘ​အသား စား​ကြ​လိမ့်မည်​။ ငါ​သည် သင့်​ကို အပြစ်ဒဏ်​ပေး​မည်​။ ကြွင်းကျန်​သော​သူ​တို့​ကို လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


လူ​သုံးပုံတစ်ပုံ​သည် ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သင်​တို့​အလယ်​တွင် သေကျေ​ပျက်စီး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် ဓားဘေး​ဖြင့် သင်​တို့​ပတ်ပတ်လည်​တွင်​ကျဆုံး​ကြ​မည်​။ ကျန်​သုံးပုံတစ်ပုံ​သည် လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​သွား​မည်​။ ငါ​သည် ဓား​ကို​ထုတ်​၍ သူ​တို့​နောက်​ကို​လိုက်​မည်’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။


ငါ​သည် ထို​သုံးပုံတစ်ပုံ​ကို မီး​ထဲသို့​ထည့်​၍ ငွေ​ကို​သန့်စင်​သကဲ့သို့ သန့်စင်​မည်​။ ရွှေ​ကို​စစ်​သကဲ့သို့ စစ်​မည်​။ သူ​တို့​သည် ငါ့​နာမ​ကို​ခေါ်​သောအခါ ငါ​ထူး​မည်​။ ‘သူ​တို့​သည် ငါ့​လူမျိုး​တော်​ဖြစ်​ကြ​၏’​ဟု ငါ​ဆို​မည်​။ သူ​တို့​က​လည်း ‘ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏’​ဟူ၍ လျှောက်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထို့ပြင် သူ​တို့​မ​သိ​သော​လူမျိုးခြား​တို့​နေရာ​အရပ်ရပ်​သို့ သူ​တို့​အား​လေပွေ​နှင့်အတူ ငါ​လွင့်သွား​စေ​၏​။ သူ​တို့​ပြည်​သည် လူသူကင်းမဲ့​ရာ​အဖြစ် ကျန်ရစ်​လေ​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​လည်း မ​ရှိ​။ သာယာ​သော​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ”​ဟု မိန့်ဆို​၏​။


ကိုယ်တော်​သည် ငွေ​ကို​ချွတ်​၍​သန့်စင်​စေ​သော​သူ​ကဲ့သို့ ထိုင်​တော်မူ​လျက် လေဝိ​သားမြေး​တို့​ကို သန့်စင်​စေ​တော်မူ​မည်​။ သူ​တို့​ကို ရွှေ​ငွေ​ကဲ့သို့ သန့်စင်​စေ​၍ သူ​တို့​သည်​လည်း ထာဝရဘုရား​ထံ ဖြောင့်မတ်​ခြင်း​ပူဇော်သက္ကာ​ကို ဆက်သ​ရ​ကြ​လိမ့်မည်​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်”​ဟု ဆို​လေ​၏။


ထာဝရဘုရား​သည် သင့်​ရန်သူ​တို့​ရှေ့​၌ သင့်​ကို​ရှုံးနိမ့်​စေ​တော်မူ​မည်​။ သင်​သည် လမ်း​တစ်လမ်းတည်း​ဖြင့် သူ​တို့​ထံသို့​လာ​သော်လည်း သူ​တို့​ထံ​မှ လမ်း​ခုနစ်​လမ်း​ဖြင့် ထွက်ပြေး​ရ​မည်​။ မြေကြီး​ပေါ်​ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် သင်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။


ထာဝရဘုရား​သည် သင့်​ကို မြေကြီး​တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ သင်​သည် ထို​အရပ်​တို့​၌ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် သင်​တို့​ကို လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ ထိုသို့ သင်​တို့​ကို ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​၊ လူမျိုးခြား​တို့​ကြား​၌ သင်​တို့​သည် လူဦးရေ​အနည်းငယ်​သာ​ကျန်​လိမ့်မည်​။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ