Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 13:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သည် ထို​သုံးပုံတစ်ပုံ​ကို မီး​ထဲသို့​ထည့်​၍ ငွေ​ကို​သန့်စင်​သကဲ့သို့ သန့်စင်​မည်​။ ရွှေ​ကို​စစ်​သကဲ့သို့ စစ်​မည်​။ သူ​တို့​သည် ငါ့​နာမ​ကို​ခေါ်​သောအခါ ငါ​ထူး​မည်​။ ‘သူ​တို့​သည် ငါ့​လူမျိုး​တော်​ဖြစ်​ကြ​၏’​ဟု ငါ​ဆို​မည်​။ သူ​တို့​က​လည်း ‘ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏’​ဟူ၍ လျှောက်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ သည် ထို တစ် စု ကို မီး တွင် ချ ၍၊ ငွေ ကို ချွတ် သ ကဲ့ သို့ ချွတ် လျက်၊ ရွှေ ကို လှော် သ ကဲ့ သို့ လှော် သ ဖြင့်၊ နာ မ တော် အား ပ ဌ နာ ပြု သော ထို သူ တို့ ကို နား ညောင်း၍၊ ငါ့ လူ မျိုး တော် ဟု ခေါ် တွင် မည့် အ လျောက်၊ သူ တို့ က လည်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ဘု ရား သခင် ပေ တည်း ဟု ဝန် ခံ ကြ ရ လ တ္တံ့ ဟူ ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 13:9
54 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို ကိုယ်တော့်​အဖို့ ထာဝရ​ပိုင်ဆိုင်​ရာ​လူမျိုး​တော်​အဖြစ် တည်​စေ​တော်မူ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​ပြီ​။


သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။


ငွေ​ထွက်​သော​မိုင်းတွင်း ရှိ​၏​။ ရွှေ​ကို သန့်စင်​သော​နေရာ​လည်း ရှိ​၏​။


ထိုသို့​သော​ကောင်းချီး​များ​ကို​ခံစား​ရ​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကို မိမိ​၏​ဘုရား​အဖြစ် ကိုးကွယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။


ထိုအခါ အကျွန်ုပ်​သည် ဘုရားသခင်​၏​ယဇ်ပလ္လင်​တော်​သို့​လည်းကောင်း​၊ အကျွန်ုပ်​၏​ဝမ်းမြောက်​ရွှင်လန်း​ခြင်း​ဖြစ်​တော်မူ​သော ဘုရား​ထံသို့​လည်းကောင်း သွား​ပါ​မည်​။ အို ဘုရားသခင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် စောင်း​တီး​၍ ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်​။


ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​”


သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။


ငွေ​ကို​မိုက်​ဖြင့်​လည်းကောင်း​၊ ရွှေ​ကို​မီးပြင်းဖို​ဖြင့်​လည်းကောင်း စစ်​တတ်​၏​။ စိတ်နှလုံး​ကို​ကား ထာဝရဘုရား​စစ်ဆေး​တော်မူ​၏​။


“​အကျွန်ုပ်​ချစ်သူ​ကို အကျွန်ုပ်​ပိုင်​ပါ​၏​။ အကျွန်ုပ်​ကို​လည်း အကျွန်ုပ်​ချစ်သူ ပိုင်​ပါ​၏​။ သူ​သည် နှင်းပန်း​တော​တွင် သိုးထိန်း​လေ့​ရှိ​၏​။


သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။


ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို​သန့်စင်​စေ​ခဲ့​ပြီ​။ သို့သော် ငွေ​ကဲ့သို့​မ​ဟုတ်​။ ဆင်းရဲဒုက္ခ​တည်းဟူသော​မီးပြင်းဖို​ထဲ၌ သင့်​ကို ငါ​စမ်းသပ်​၏​။


သင်​ခေါ်​သောအခါ ထာဝရဘုရား ထူး​တော်မူ​မည်​။ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ “​ငါ​ရှိ​၏​”​ဟု မိန့်​တော်မူ​မည်​။ သင်​သည် သူတစ်ပါး​ကို​လက်ညှိုးထိုး​ခြင်း​၊ ယုတ်ညံ့​သော​စကား​ပြောဆို​ခြင်း​ဟူသော သင့်​တွင်​ရှိ​သော​ထမ်းပိုး​ကို ဖယ်ရှား​၍


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘ယုဒ​ပြည်​မှ ခါလဒဲ​ပြည်​သို့ ငါ​ပို့​လိုက်​သော​၊ ယုဒ​ပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​သည် ဤ​ကောင်း​သော​သဖန်းသီး​များ​ကဲ့သို့ ဖြစ်​ကြ​၏​။ သူ​တို့​ကို ကောင်း​သော​သူ​များ​အဖြစ် ငါ​မှတ်ယူ​မည်​။


သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ထို​ကာလ​ပြီးနောက် အစ္စရေး​လူမျိုး​တို့​နှင့် ငါ​ဖွဲ့​မည့်​ပဋိညာဉ်​သစ်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ငါ​၏​ပညတ်တရား​ကို သွင်းပေး​မည်​။ သူ​တို့​၏​နှလုံးသား​ပေါ်တွင် ရေး​ထား​မည်​။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။


သင်​သည် လိမ်လည်လှည့်ဖြားမှု​အလယ်​၌ နေထိုင်​၏​။ သူ​တို့​သည် လိမ်လည်လှည့်ဖြား​ကြ​၏​။ ငါ့​ကို အသိအမှတ်​မပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သို့ဖြစ်၍ သူ​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​၍ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။


သို့မှ အစ္စရေး​အမျိုးအနွယ်​သည် ငါ့​ထံမှ​လမ်းလွဲ​တော့​မည်​မ​ဟုတ်​။ အပြစ်​ကျူးလွန်​ခြင်း​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​ဟု မိန့်​တော်မူ​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။


ငါ့​ကို ပုန်ကန်​သော​သူ​၊ ပြစ်မှား​သော​သူ​တို့​ကို ငါ​သုတ်သင်​ပစ်​မည်​။ သူ​တို့​ကို တည်းခိုနေထိုင်​ရ​သော​ပြည်​မှ​ထုတ်ဆောင်​လာ​မည်​ဖြစ်​သော်လည်း အစ္စရေး​ပြည်​ထဲသို့ သူ​တို့​ဝင်​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​၌ သင်​တို့​အသက်ရှင်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။


ငါ​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။


သတ်မှတ်​ထား​သော​ကာလ မ​ရောက်​သေး​သည်​ဖြစ်၍ ပညာရှိ​အချို့​တို့​သည် အပြစ်ကင်းစင်​ပြီး သန့်ရှင်း​စင်ကြယ်​ဖို့ နောက်ဆုံး​သော​ကာလ​အထိ လှဲချ​ခြင်း​ခံရ​လိမ့်မည်​။


လူ​အများ​တို့​သည် သန့်ရှင်း​၍ အပြစ်ကင်းစင်​အောင် စစ်ကြော​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​သည် ဆိုးယုတ်​သော​အမှု​တို့​ကို​သာ ပြု​လိမ့်မည်​။ ဆိုးယုတ်​သူ​တစ်ယောက်​မျှ သိနားလည်​မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​မူကား သိနားလည်​ကြ​လိမ့်မည်​။


ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဇိအုန်​တောင်​ပေါ်​နှင့် ဂျေရုဆလင်​မြို့​တို့​တွင် လွတ်မြောက်​သော​သူ​ရှိ​လိမ့်မည်​။ ထို​သူ​တို့​သည် အသက်ရှင်​ကျန်ရစ်​သော​သူ​များ​ထဲမှ ထာဝရဘုရား ခေါ်​တော်မူ​သော​သူ​သာ ဖြစ်​လိမ့်မည်​။


ငါ​သည် သင်​တို့​အလယ်​၌ သွားလာ​၍ သင်​တို့​၏​ဘုရား​ဖြစ်​မည်​။ သင်​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။


ငါ​သည် ယုဒ​အမျိုးအနွယ်​ကို ခွန်အား​နှင့်​ပြည့်​စေ​မည်​။ ယောသပ်​အမျိုးအနွယ်​ကို ကယ်တင်​မည်​။ သူ​တို့​ကို​သနားစုံမက်​သောကြောင့် ပြန်လည်​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ​မ​စွန့်ပယ်​ဖူး​သော​သူ​ကဲ့သို့ ဖြစ်​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သောကြောင့် သူ​တို့​ကို ငါ​ထူး​မည်​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


သူ​တို့​ကို ပြန်ခေါ်လာ​၍ ဂျေရုဆလင်​မြို့​တွင် နေထိုင်​စေ​ပြီး သူ​တို့​သည် ငါ​၏​လူမျိုး​တော် ဖြစ်​လိမ့်မည်​။ ငါ​သည်​လည်း သူ​တို့​အဖို့ သစ္စာစောင့်​သော​၊ ဖြောင့်မတ်​သော​ဘုရားသခင် ဖြစ်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’​ဟူ၍ ဖြစ်​၏။


ထာဝရ​ဘုရား​က “ထို​နေ့ရက်​များ​နောက်တွင် အစ္စရေး​အမျိုး​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​အသိဉာဏ်​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​စိတ်နှလုံး​ပေါ်မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​ကြ​လိမ့်မည်။


စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သည်းခံ​သော​သူ​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား စုံစမ်း​စစ်ဆေး​ခြင်း​ကို​အောင်မြင်​သောအခါ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော အသက်​သရဖူ​ကို ရ​လိမ့်မည်။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ


အောင်မြင်​သော​သူ​သည် ဤ​အရာ​တို့​ကို အမွေ​ဆက်ခံ​ရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်မည်။


တတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီးရှူး​သဖွယ်​တောက်လောင်​နေ​သော ကြယ်​ကြီး​တစ်​လုံး​သည် ကောင်းကင်​မှ​ကြွေကျ​၍ မြစ်​များ​၏​သုံးပုံတစ်ပုံ​အပေါ်​နှင့် စမ်းရေ​တွင်း​များ​အပေါ်သို့ ကျ​လေ​၏။


ထို​ကြယ်​၏​အမည်​ကား ဒေါန​ဟူ၍​ဖြစ်​ပြီး ရေ​၏​သုံးပုံတစ်ပုံ​သည် ဒေါန​ကဲ့သို့​ခါး​သွား​၏။ ရေ​ခါး​သဖြင့် ထို​ရေ​ကြောင့် များစွာ​သော​လူ​တို့​သည် သေ​ကြ​၏။


စတုတ္ထ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ နေ​၏​သုံးပုံတစ်ပုံ၊ လ​၏​သုံးပုံတစ်ပုံ၊ ကြယ်​များ​၏​သုံးပုံတစ်ပုံ​တို့​သည် ထိပါး​တိုက်ခိုက်​ခြင်း​ခံရ​သဖြင့် ၎င်း​တို့​၏​သုံးပုံတစ်ပုံ​သည် မှောင်မည်း​သွား​လေ​၏။ နေ့​၏​သုံးပုံတစ်ပုံ​သည်​လည်း အလင်းရောင်​ကွယ်ပျောက်​လျက် ည​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။


ပထမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ သွေး​နှင့်​ရောနှော​သော မိုးသီး​နှင့်​မီး​တို့​ဖြစ်ပေါ်​လာ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ မြေကြီး​၏​သုံးပုံတစ်ပုံ​သည် လောင်ကျွမ်း​၍ သစ်ပင်​များ​၏​သုံးပုံတစ်ပုံ​နှင့် စိမ်းလန်း​သော​မြက်​ပင်​ရှိသမျှ​တို့​သည်​လည်း လောင်ကျွမ်း​သွား​၏။


ဒုတိယ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ မီး​တောက်လောင်​နေ​သည့် ကြီးမား​သော​တောင်​ကဲ့သို့သော​အရာ​သည် ပင်လယ်​ထဲသို့​ပစ်ချ​ခြင်း​ခံရ​၏။ ထိုအခါ ပင်လယ်​သုံးပုံတစ်ပုံ​သည် သွေး​ဖြစ်​သွား​သဖြင့်


ပင်လယ်​၌​ရှိ​သော သက်ရှိ​သတ္တဝါ​သုံးပုံတစ်ပုံ​သည် သေ​ကြ​၏။ သင်္ဘော​များ​သုံးပုံတစ်ပုံ​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ