ယေဇကျေလ 22:18 - မြန်မာ့စံမီသမ္မာကျမ်း18 “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သည် ချော်နှင့်တူလေပြီ။ သူတို့အားလုံးသည် မီးပြင်းဖိုထဲမှ ကြေးနီ၊ သံဖြူ၊ သံ၊ ခဲများဖြစ်ကြပြီ။ ငွေစစ်ရာမှ ထွက်လာသောချော် ဖြစ်ကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible18 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။- အခန်းကိုကြည့်ပါ။Garrad Bible18 အ ချင်း လူ့ သား၊ ဣ သ ရေ လ တစ် မျိုး လုံး သည်၊ ရှေ့ တော် တွင် ချော် ဖြစ် လျက်၊ မိုက် လုံ ရှိ ကြေး၊ ဘင်၊ သံ၊ ခဲ တည်း ဟူ သော ငွေ ချော် ဖြစ် သည် တ ကား၊ အခန်းကိုကြည့်ပါ။Judson Bible18 အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့်ကွာသော ချော်ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |