ယေဇကျေလ 18:20 - မြန်မာ့စံမီသမ္မာကျမ်း
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
အခန်းကိုကြည့်ပါ။
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
အခန်းကိုကြည့်ပါ။
ပြစ် မှား သူ သာ လျှင် သေ ဒဏ် ခံ ရ မည်။ သား သည် အ ဖ ၏ ဒု စ ရိုက် ဝန် ကို သော် လည်း ကောင်း၊ အ ဖ သည် သား ၏ ဒု စ ရိုက် ဝန် ကို သော် လည်း ကောင်း၊ မ ထမ်း ရ၊ ဖြောင့် မတ် သူ ၏ ဖြောင့် မတ် ခြင်း သည် ကိုယ့် အ ပေါ်၌ လည်း ကောင်း၊ ဆိုး သွမ်း သူ၏ ဆိုး သွမ်း ခြင်း သည် ကိုယ့် အ ပေါ်၌ လည်း ကောင်း၊ တည် ရ လ တ္တံ့။
အခန်းကိုကြည့်ပါ။
ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။
အခန်းကိုကြည့်ပါ။