ယေဇကျေလ 18:4 - မြန်မာ့စံမီသမ္မာကျမ်း4 ‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 လူ ဟူ သ မျှ သည် ငါ ပိုင် ဖြစ်၏။ အ ဘ ဖြစ် သူ ကို ငါ ပိုင် သည့် နည်း တူ၊ သား ဖြစ် သူ့ ကို လည်း ပိုင်၏။ ပြစ် မှား သူ သာ လျှင် သေ ဒဏ် ခံ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible4 ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကိုဖန်ဆင်း၍ ဖြန့်ကြက်တော်မူသောအရှင်၊ မြေကြီးနှင့်မြေကြီးမှဖြစ်လာသောအရာတို့ကို ခင်းကျင်းတော်မူသောအရှင်၊ မြေကြီးပေါ်ရှိလူတို့အား ဇီဝအသက်ကိုလည်းကောင်း၊ မြေကြီးပေါ်တွင် အသက်ရှင်သွားလာသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။