ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
ယောရှု 3:16 - မြန်မာ့စံမီသမ္မာကျမ်း အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။ Common Language Bible ရေစီးရပ်တန့်၍မြစ်ညာဘက်အတန်ကွာ ဝေးသောနေရာ၌ တည်ရှိသည့်ဇာရတန် မြို့အနီးအာဒံမြို့၌ရေစုပုံလျက်ရှိလေ သည်။ ပင်လယ်သေထဲသို့စီးဆင်းသောမြစ် ရေသည်ပြတ်သွားသဖြင့် လူအပေါင်းတို့ သည်ယေရိခေါမြို့အနီးတစ်ဘက်ကမ်း သို့ဖြတ်ကူးနိုင်ကြလေသည်။- Garrad Bible အ ထက် မှ စီး လာ သော ရေ တန့် ရပ်၍၊ ဇာ ရ တန် မြို့ အ နီး၊ အာ ဒံ မြို့ ဆိပ် ထိ ဝေး ကွာ စွာ တစ် ဘက် သတ် စု ပုံ လျက် အ ရာ ဗာ အိုင် ခေါ် ရေ ငံ အိုင် သို့ စီး ဆင်း သော မြစ် ရေ လည်း လုံး လုံး ပြတ်၍၊ လူ ပ ရိ သတ် တို့ သည် ယေ ရိ ခေါ မြို့ သို့ တည့် တည့် ကူး သွား ရ ကြ၏။ Judson Bible မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ |
ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။
တာနက်မြို့၊ မေဂိဒ္ဒေါမြို့အပါအဝင် ဇာရတန်မြို့အနီးယေဇရေလမြို့အောက်ဘက်ရှိ ဗက်ရှန်မြို့တစ်လျှောက်လုံးနှင့် ဗက်ရှန်မြို့မှ ယောကမံမြို့တစ်ဖက်ကမ်း အာဗေလမဟောလမြို့၏နယ်စား အဟိလုဒ်၏သားဗာနာ၊
ရှင်ဘုရင်သည် ထိုပစ္စည်းအားလုံးကို သုကုတ်မြို့နှင့် ဇာရတန်မြို့ကြား ဂျော်ဒန်မြစ်ဝှမ်းရှိ ရွှံ့စေးမြေအရပ်၌ သွန်းလုပ်၏။
အချင်းပင်လယ်၊ သင်သည် အဘယ်ကြောင့်ထွက်ပြေးရသနည်း။ အချင်းဂျော်ဒန်မြစ်၊ သင်သည် အဘယ်ကြောင့် နောက်သို့ပြန်လှည့်ရသနည်း။
ထာဝရဘုရားသည် လွှမ်းမိုးသောရေပြင်အထက်တွင် စိုးစံတော်မူ၏။ ထာဝရဘုရားသည် ရှင်ဘုရင်အဖြစ် အစဉ်အမြဲစိုးစံတော်မူ၏။
ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
ကိုယ်တော်သည် ပင်လယ်ကို ကုန်းမြေအဖြစ်သို့ပြောင်းလဲစေတော်မူ၏။ လူတို့သည် မြစ်ကိုခြေကျင်ဖြတ်ကူးကြ၏။ ထိုအရပ်တွင် ငါတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ကြ၏။
ကိုယ်တော်သည် စမ်းရေနှင့်စမ်းချောင်းကို ပေါက်ထွက်စေ၍ အမြဲစီးဆင်းသောမြစ်များကို ခန်းခြောက်စေတော်မူ၏။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
ပင်လယ်ကိုခွဲ၍ သူတို့ကိုဖြတ်သွားစေတော်မူ၏။ ရေများကို တာတမံကဲ့သို့ မတ်မတ်တည်စေတော်မူ၏။
မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။
အစ္စရေးအမျိုးသားတို့သည်လည်း ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။
အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။
ကိုယ်တော်၏နှာခေါင်းတော်မှလေကို မှုတ်ထုတ်လိုက်သောအခါ ရေသည် မို့မောက်လာ၏။ စီးသောရေသည်လည်း စုပုံ၍ တန့်သွား၏။ ပင်လယ်ထဲမှ ရေထုသည်လည်း ခဲလေ၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အောင်ပွဲခံမြင်းတော်၊ ရထားတော်တို့ကို စီးတော်မူသည်မှာ ချောင်းတို့ကို စိတ်ဆိုး၍လော။ မြစ်တို့ကို အမျက်ထွက်၍လော။ ပင်လယ်ကို ဒေါသထွက်၍လော။
တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ်အစွန်းမှစရမည်။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
ဂျော်ဒန်မြစ်ဖြင့်နယ်နိမိတ်ပိုင်းခြားထားသည့်အရာဗလွင်ပြင်အထိ ငါပေး၏။ ထိုအရာဗလွင်ပြင်သည် ဂင်နေသရက်အိုင်မှ အရှေ့ဘက်ပိသဂါတောင်ခြေရှိ ဆားပင်လယ်ဟုခေါ်သော အရာဗပင်လယ်အထိကျယ်ပြန့်၏။
အရာဗလွင်ပြင်မှ ဂင်နေသရက်အိုင်အရှေ့ဘက်အထိ၊ ဆားပင်လယ်ဟုခေါ်သောအရာဗပင်လယ်မှ အရှေ့ဘက်ဗက်ယေရှိမုတ်မြို့အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ၊
ယာနောမြို့မှ အတရုတ်မြို့၊ နာရမြို့တို့ဘက်သို့ ဆင်းသွားပြီး ဂျေရိခေါမြို့သို့ရောက်၍ ဂျော်ဒန်မြစ်၌ ဆုံးလေ၏။
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင် ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်ရေ၌ ခြေချလိုက်သည်နှင့် အထက်မှစီးဆင်းလာသောရေသည် ရပ်သွား၍ တစ်ဖက်တည်း၌စုပုံလျက် တန့်နေလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့ကလည်း ‘အစ္စရေးလူမျိုးတို့သည် ဂျော်ဒန်မြစ်ကို ဖြတ်ကူးစဉ်က ခြောက်သွေ့သောမြစ်ကြမ်းပြင်ပေါ်တွင် ဖြတ်ကူးခဲ့ရသည်’ဟု သင်တို့၏သားသမီးများအား ပြောပြရမည်။
ဂျော်ဒန်မြစ်ကိုအစ္စရေးအမျိုးသားတို့ ကူးပြီးသည်အထိ ထာဝရဘုရားသည် သူတို့မျက်စိရှေ့တွင် မြစ်ရေကိုခန်းခြောက်စေခဲ့ကြောင်းကို ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိဘုရင်များ၊ ပင်လယ်နားရှိ ခါနာန်ဘုရင်များ ကြားကြသောအခါ သူတို့သည် အစ္စရေးအမျိုးသားတို့သတင်းကြောင့် စိတ်ပျက်အားလျော့၍ အလွန်ကြောက်ရွံ့ကြ၏။
လူသုံးရာတို့ တံပိုးမှုတ်သောအခါ ထာဝရဘုရားသည် တပ်စခန်းတစ်လျှောက်လုံးရှိ စစ်သည်အချင်းချင်းဓားဖြင့်တိုက်ခိုက်စေတော်မူ၏။ စစ်သည်တို့သည် ဇေရရတ်အရပ်၊ ဗက်ရှိတ္တမြို့မှ တဗွတ်မြို့အနီး အာဗေလမဟောလမြို့နားတိုင်အောင် ထွက်ပြေးကြ၏။