ယေဇကျေလ 47:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို သူ က၊ ဤ မြစ် သည် အ ရှေ့ ခ ရိုင် နှင့်၊ အ ရာ ဗာ ချိုင့် ကို ဖြတ်၍၊ ရေ ငံ အိုင် သို့ စီး ဆင်း ဝင် ရောက် သ ဖြင့်၊ အိုင် ရေ ချို လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကိုလျှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။