Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 14:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဤ​ဘုရင်​ငါး​ပါး​စလုံး​သည် ဆား​ပင်လယ်​တည်းဟူသော စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ မဟာမိတ်ဖွဲ့​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ၎င်း မင်း တို့ သည် ရေ ငံ အိုင်၊ တစ် နည်း စိ ဒ္ဒိမ် ချိုင့် တွင် မ ဟာ မိတ် ဖွဲ့ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​ပြည်​ရှိ​သ​မျှ​တို့​သည်၊ သော​ဒုံ​အိုင်​ဖြစ်​သော​စိ​ဒ္ဒိမ်​ချိုင့်​တွင် နီး​စပ်​လျက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 14:3
9 ပူးပေါင်းရင်းမြစ်များ  

ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​အပိုင်းအခြား​မှာ ဆီဒုန်​မြို့​မှသည် ဂေရာ​မြို့​ကို​ဖြတ်သွား​၍ ဂါဇ​မြို့​တိုင်အောင်​ရောက်​၏​။ တစ်ဖန် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​ကို​ဖြတ်သွား​၍ လာရှ​မြို့​တိုင်အောင်​ရောက်​လေ​၏​။


စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ ကတ္တရာစေး​တွင်း​ပေါများ​သဖြင့် သောဒုံ​ဘုရင်​နှင့်​ဂေါမောရ​ဘုရင်​တို့​သည်​ထွက်ပြေး​ကြ​သောအခါ ထို​တွင်း​များ​ထဲသို့​ကျ​လေ​၏​။ ကျန်​သော​သူ​တို့​သည် တောင်​ပေါ်သို့​ထွက်ပြေး​ကြ​၏​။


ဤ​ဘုရင်​တို့​သည် ခေဒေါရလောမာ​မင်းကြီး​ထံ တစ်ဆယ့်​နှစ်​နှစ်​ကျွန်ခံ​ပြီး တစ်ဆယ့်​သုံး​နှစ်​မြောက်​တွင် ပုန်ကန်​ကြ​၏​။


ထိုအခါ သောဒုံ​ဘုရင်​၊ ဂေါမောရ​ဘုရင်​၊ အာဒမာ​ဘုရင်​၊ ဇေဘိုင်​ဘုရင်​နှင့် ဗေလ​(​ဇောရ)​ဘုရင်​တို့​သည် ချီတက်​၍ သူ​တို့​နှင့် စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌​စစ်ခင်း​ကြ​၏​။


ထိုအခါ ထာဝရဘုရား​အထံ​တော် မိုးကောင်းကင်​မှ ကန့်​နှင့်​မီး​ကို သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​အပေါ်​သို့ ထာဝရဘုရား​ရွာ​စေ​တော်မူ​၏​။


အသီးအနှံ​ဖြစ်ထွန်း​သော​မြေ​ကို ဆားမြေ​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။ ထိုသို့​ပြု​တော်မူ​ခြင်း​မှာ ထို​အရပ်​၌​နေထိုင်​သော​သူ​တို့​၏​မကောင်းမှု​ကြောင့်​ဖြစ်​၏​။


ထိုမှ နယ်နိမိတ်​သည် ဂျော်ဒန်​မြစ်​တစ်လျှောက်​ဆက်သွား​၍ ဆား​ပင်လယ်​၌ ဆုံး​ရ​မည်​။ ဤသည်ကား သင်​တို့​ပြည်​၏​နယ်မြေ​အပိုင်းအခြား ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။


ဂျော်ဒန်​မြစ်​ဖြင့်​နယ်နိမိတ်​ပိုင်းခြား​ထား​သည့်​အရာဗ​လွင်ပြင်​အထိ ငါ​ပေး​၏​။ ထို​အရာဗ​လွင်ပြင်​သည် ဂင်နေသရက်​အိုင်​မှ အရှေ့ဘက်​ပိသဂါ​တောင်ခြေ​ရှိ ဆား​ပင်လယ်​ဟု​ခေါ်​သော အရာဗ​ပင်လယ်​အထိ​ကျယ်ပြန့်​၏​။


အထက်​မှ​စီးဆင်း​လာ​သော​ရေ​သည် ရပ်​၍ အလှမ်းဝေး​သော​ဇာရတန်​မြို့​အနီး​ရှိ​အာဒံ​မြို့​အထိ တစ်ဖက်တည်း​၌​စုပုံ​လျက် တန့်​နေ​၏​။ အရာဗ​ပင်လယ်​ဟု​ခေါ်​သော ဆား​ပင်လယ်​တိုင်အောင် စီးဆင်း​သော​ရေ​သည် လုံးလုံး​ပြတ်​သွား​၏​။ လူ​တို့​သည်​လည်း တစ်ဖက်ကမ်း​ရှိ ဂျေရိခေါ​မြို့​သို့ ကူးသွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ