မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ယောရှု 13:26 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့မှ ဒေဗိရမြို့နယ်နိမိတ်အထိ၊ Common Language Bible သူတို့၏နယ်မြေသည်ဟေရှဘုန်မြို့မှ ရာမတ်မိဇပါမြို့နှင့်ဗေတောနိမ်မြို့တိုင် အောင်လည်းကောင်း၊ မဟာနိမ်မြို့မှလိုဒီဗာ နယ်စပ်တိုင်အောင်လည်းကောင်းကျယ်ပြန့်သည်။- Garrad Bible ဟေ ရှ ဘုန် မြို့ မှ စ၍ ရာ မတ် မိ ဇ ပါ မြို့၊ ဗေ တော နိမ် မြို့ များ တိုင် အောင်လည်း ကောင်း၊ မ ဟာ နိမ် မြို့ မှ စ၍ ဒေ ဗိ ရ မြို့ နယ် တိုင် အောင် လည်း ကောင်း၊ တစ် လျှောက် လုံး၊ ချိုင့်၌ လည်း၊ Judson Bible ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့တိုင်အောင်လည်းကောင်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ်တိုင်အောင်လည်းကောင်းပါသောပြည်၊ |
မိဇပါ ဟူ၍လည်းကောင်း ခေါ်၏။ အကြောင်းမူကား လာဗန်က “ငါတို့သည် တစ်ဦးနှင့်တစ်ဦးမတွေ့မမြင်နိုင်ကြသောအခါ သင်နှင့်ငါကြား၌ ထာဝရဘုရားစောင့်ကြည့်တော်မူပါစေ။
ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ရောက်သောအခါ အမ္မုန်ပြည်၊ ရဗ္ဗာမြို့မှ နာဟတ်၏သား ရှောဘိ၊ လောဒေဗာမြို့မှ အမျေလ၏သား မာခိရ၊ ရောဂေလိမ်မြို့မှ ဂိလဒ်ပြည်သား ဗာဇိလဲ တို့က
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ထိုအခါ အစ္စရေးဘုရင်က မိမိအမှုထမ်းတို့အား “ရာမုတ်ဂိလဒ်မြို့သည် ငါတို့အပိုင်ဖြစ်ကြောင်းကို သင်တို့သိလျက်နှင့် ဆီးရီးယားဘုရင်လက်မှ ပြန်မသိမ်းယူဘဲ အဘယ်ကြောင့် ငြိမ်နေကြသနည်း”ဟု မိန့်ဆို၏။
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ ယာဇာမြို့၊ ဂိလဒ်ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်ရှိ အာရော်မြို့အထိ အမ္မုန်အမျိုးသားတို့၏ပြည်တစ်ဝက်၊
ချိုင့်ဝှမ်းလွင်ပြင်ရှိ ဗက်ဟာရန်မြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့၊ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ကျန်သောနယ်မြေ၊ ဂျော်ဒန်မြစ်နယ်နိမိတ်တစ်လျှောက်၊ ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ဂင်နေသရက်အိုင်အထိဖြစ်၏။
ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် ရုဗင်အမျိုးအနွယ်ပိုင် ကန္တာရလွင်ပြင်ရှိ ဗေဇာမြို့၊ ဂဒ်အမျိုးအနွယ်ပိုင် ဂိလဒ်ပြည်ရှိ ရာမုတ်မြို့၊ မနာရှေအမျိုးအနွယ်ပိုင် ဗာရှန်ပြည်ရှိ ဂေါလန်မြို့တို့ကို ရွေးချယ်၏။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။