Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 20:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့ ရု​ဗင်​နယ်​မြေ​ကုန်း​ပြင်​မြင့်​တော​ကန္တာ​ရ​ရှိ ဗေ​ဇာ​မြို့၊ ဂဒ်​နယ်​မြေ​ဂိ​လဒ်​နယ်​ရှိ​ရာ​မုတ် မြို့၊ မ​နာ​ရှေ​နယ်​မြေ၊ ဗာ​ရှန်​နယ်​ရှိ​ဂေါ​လန် မြို့​တို့​ကို​ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး ချယ်​သတ်​မှတ်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ယေ ရိ ခေါ မြို့ တစ် ဖက်၊ ယော် ဒန် မြစ် အ ရှေ့၌ လည်း ရု ဗင် နယ် ရှိ တော ပျံ့၌ ဗေ ဇာ မြို့ ကိုလည်း ကောင်း၊ ဂဒ် နယ် ရှိ ဂိ လဒ် ခ ရိုင် ၌ ရာ မုတ် မြို့ ကို လည်း ကောင်း၊ မ နာ ရှေ နယ် ရှိ ဗာ ရှန် ခ ရိုင်၌ ဂေါ လန် မြို့ ကို လည်း ကောင်း၊ ရွေး ထား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ယော်​ဒန်​မြစ်​တစ်​ဖက်၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့​မှာ ရု​ဗင်​ခ​ရိုင်၊ တော​လွင်​ပြင်၌ ဗေ​ဇာ​မြို့၊ ဂဒ်​ခ​ရိုင်၊ ဂိ​လဒ်​ပြည်၌ ရာ​မုတ်​မြို့၊ မ​နာ​ရှေ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ ဂေါ​လန်​မြို့​တို့​ကို​လည်း​ကောင်း ရွေး​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 20:8
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အစ္စရေး​ဘုရင်​သည် ပရောဖက်​လေး​ရာ​ခန့်​ကို​စုရုံး​စေ​ပြီးလျှင် သူ​တို့​အား “​ရာမုတ်ဂိလဒ်​မြို့​ကို စစ်ချီ​၍​တိုက်ခိုက်​ရ​မည်လော​။ မတိုက်​ဘဲ​နေ​ရ​မည်လော​”​ဟု မေး​လျှင် သူ​တို့​က “​စစ်ချီ​တော်မူ​ပါ​။ ဘုရားရှင်​သည် ထို​မြို့​ကို မင်းကြီး​လက်​သို့ အပ်​တော်မူ​မည်​”​ဟု ဆင့်ဆို​ကြ​၏​။


သူ​သည် အာဟပ်​မင်းကြီး​၏​သား​တော် ယောရံ​မင်းကြီး​နှင့်အတူ ရာမုတ်ဂိလဒ်​မြို့​သို့ စစ်ချီ​၍ ဆီးရီးယား​ဘုရင် ဟာဇေလ​မင်းကြီး​ကို တိုက်ခိုက်​ရာ ဆီးရီးယား​လူမျိုး​တို့​လက်ချက်​ဖြင့် ယောရံ​မင်းကြီး ဒဏ်ရာ​ရ​သွား​၏​။


ရုဗင်​အမျိုးအနွယ်​ထံမှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက် တောကန္တာရ​ရှိ​ဗေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဂဒ်​အမျိုးအနွယ်​ထံမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။


ထို​မြို့​သုံး​မြို့​မှာ ရုဗင်​အမျိုး​အတွက် တောကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုး​အတွက် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုး​အတွက် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​ဖြစ်​၏​။


ထို့ကြောင့် သူ​တို့​သည် ဂါလိလဲ​ပြည်​၊ နဿလိ​တောင်ပေါ်ဒေသ​ရှိ ကေဒေရှ​မြို့​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​၊ ယုဒ​တောင်ပေါ်ဒေသ​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​တို့​ကို ရွေးချယ်​၏​။


ဤ​မြို့​များ​ကား အစ္စရေး​အမျိုးသား​များ​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​များ​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ မည်သူမဆို လူထု​ရှေ့​တွင် တရားစီရင်​ခြင်း​မ​ခံရ​မီ လက်စားချေ​မည့်​သူ​၏​လက်​၌ မ​သေ​ရ​မည့်​အကြောင်း ပြေးသွား​၍​ခိုလှုံ​ရန် ရွေးချယ်​ထား​သော​မြို့​များ ဖြစ်​၏​။


လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​ဖြစ်​သော​ဂေရရှုန်​သားမြေး​တို့​ကို​ကား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​သော​အမွေမြေ​ထဲမှ ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေရှတေရ​မြို့​နှင့် စားကျက်မြေ​များ​ကို​ပေး​၏​။ (​ဂေါလန်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့ ဖြစ်​၏​။​)


ရုဗင်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဗေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဟတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ