သူကြီး 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထို့ကြောင့် ယေဖသသည် ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့နှင့်အတူ လိုက်သွား၏။ သူတို့သည် ယေဖသကို သူတို့၏ခေါင်းဆောင်၊ ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားကြ၏။ ယေဖသသည် ထိုသူတို့နှင့်ပြောခဲ့သောစကားအလုံးစုံကို မိဇပါမြို့တွင် ထာဝရဘုရားရှေ့တော်၌ လျှောက်တင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ထို အ ခါ ဂိ လဒ် ပြည် လူ ကြီး တို့ နှင့် အ တူ ယေ ဖ သ လိုက် သွား သ ဖြင့် ပြည် သူ ပြည် သား တို့ သည် အ ကြီး အ မှူး အ ဖြစ်၊ ဗိုလ် ချုပ် အ ဖြစ်၊ တင် မြှောက် ကြ၏။ ယေ ဖ သ သည် ထို သို့ ဝန် ခံ သ မျှ သော အ ချက် ကို မိ ဇ ပါ မြို့၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် တင် လျှောက် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့်သွား၍ သူ့ကို လူများတို့၏အထွတ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |