နှိမ့်ချခံနေရသူတို့အဖို့ သင်က ‘သူတို့ကို ချီးမြှောက်တော်မူပါ’ဟု ဆုတောင်းပေးလျှင် ကိုယ်တော်သည် နိမ့်ကျသောသူတို့ကို ကယ်တင်တော်မူမည်။
ယောဘဝတ္တု။ 5:11 - မြန်မာ့စံမီသမ္မာကျမ်း နိမ့်ကျသောသူတို့ကို မြှင့်တင်၍ ဝမ်းနည်းပူဆွေးသောသူတို့ကို ကူမကယ်တင်တော်မူ၏။ Common Language Bible ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။ Garrad Bible နိမ့် ကျ သူ တို့ ကို ချီး မြှောက်၍၊ ညှိုး ငယ် သူ တို့ ကို လည်း လုံ ခြုံ စွာ ထား တော် မူ၏။ Judson Bible ထိုသို့ နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ၏။ |
နှိမ့်ချခံနေရသူတို့အဖို့ သင်က ‘သူတို့ကို ချီးမြှောက်တော်မူပါ’ဟု ဆုတောင်းပေးလျှင် ကိုယ်တော်သည် နိမ့်ကျသောသူတို့ကို ကယ်တင်တော်မူမည်။
ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။
နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။
ကိုယ်တော်သည် ဆင်းရဲသောသူကို မြေမှုန့်ထဲမှထစေ၍ နွမ်းပါးသောသူကို ပြာပုံထဲမှချီးမြှောက်ကာ
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနိမ့်စေ၍ နိမ့်သောအပင်ကိုမြင့်စေကြောင်း၊ စိမ်းလန်းသောအပင်ကိုခြောက်သွေ့စေ၍ ခြောက်သွေ့သောအပင်ကိုဝေဆာစေကြောင်း ကွင်းပြင်မှသစ်ပင်ရှိသမျှတို့ သိကြရလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်းပြုမည်’ဟူ၍ မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
ထာဝရအရှင် ဘုရားသခင်သည် သင်၏ခိုလှုံရာဖြစ်တော်မူ၏။ ထာဝရလက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူကို သင့်မျက်စိရှေ့မှနှင်ထုတ်တော်မူ၍ ‘ဖျက်ဆီးလော့’ဟု မိန့်တော်မူမည်။
နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။