ယောဘဝတ္တု။ 36:7 - မြန်မာ့စံမီသမ္မာကျမ်း7 ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ဖြောင့် မတ် သော သူ တို့ မှ မျက် နှာ တော် ကို မ လွှဲ။ ထို သူ တို့ ကို နန်း စံ သော ရှင် ဘု ရင် တို့ နှင့် အ တူ အ စဉ် နေ ရာ ပေး၍၊ ချီး မြှောက် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ဖြောင့်မတ်သောသူတို့ကို ပမာဏမပြုဘဲ နေတော်မမူ။ ရှင်ဘုရင်နှင့်အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရနေရာချ၍ ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
“အကျွန်ုပ်တို့သခင်၊ အကျွန်ုပ်တို့စကားကိုနားထောင်ပါ။ သခင်သည် အကျွန်ုပ်တို့တွင် ဘုရားသခင်နှင့်ဆိုင်သောမင်းဖြစ်ပါ၏။ အကျွန်ုပ်တို့၏အကောင်းဆုံးသင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းကိုသင်္ဂြိုဟ်ပါ။ အကျွန်ုပ်တို့၏သင်္ချိုင်းမြေတွင် သခင့်မယား၏အလောင်းသင်္ဂြိုဟ်မည်ကို တားမြစ်မည့်သူတစ်ယောက်မျှမရှိပါ”ဟု ပြန်ပြောကြ၏။