Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 107:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 နွမ်းပါး​သော​သူ​တို့​ကို​ကား ဖိစီးနှိပ်စက်မှု​ထဲမှ​ကယ်နုတ်​၍ လုံခြုံ​စွာ​စောင့်ရှောက်​တော်မူ​၏​။ သူ​တို့​၏​မျိုးနွယ်စု​များ​ကို​လည်း သိုးအုပ်​ကဲ့သို့ ပွားများ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41 နွမ်း ပါး သူ့ ကို ကား၊ ဒု က္ခ ထဲ မှ ချီး မြှောက်၍၊ အိမ် ထောင် ကို လည်း သိုး စု ကဲ့ သို့ ပွား များ စေ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ဆင်း​ရဲ​သော​သူ​ကို​လည်း ဒု​က္ခ​မှ​ထ​မြောက်​စေ၍၊ သိုး​စု​ကဲ့​သို့ အိမ်​ထောင်​ပွား​များ​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 107:41
21 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​က ယောသပ်​အား “​သင်​၏​မျက်နှာ​ကို​တွေ့မြင်​ရ​လိမ့်မည်​ဟု ငါ​မ​ထင်​ခဲ့​ပေ​။ သို့သော် ဘုရားသခင်​သည် သင်​၏​သားသမီး​တို့​ကို​ပင် ငါ့​ကို​တွေ့မြင်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု ဆို​၏​။


သူ​တို့​၏​သားသမီး​များ​ကို သိုးအုပ်​ကဲ့သို့ လွှတ်လိုက်​၍ သူ​တို့​၏​ကလေးသူငယ်​များ​သည်​လည်း ကခုန်​ကြ​၏​။


သို့သော် ကိုယ်တော်​သည် ဆင်းရဲဒုက္ခ​ရောက်​သူ​တို့​ကို ထို​ဆင်းရဲဒုက္ခ​ထဲမှ ကယ်နုတ်​တော်မူ​၏​။ အဖိနှိပ်ခံ​စေ​ခြင်း​ဖြင့် နာခံ​ခြင်း​ကို​ပေး​တော်မူ​၏​။


ယောဘ​သည် နှစ်​ပေါင်း​တစ်ရာ့​လေးဆယ် ဆက်လက်​အသက်ရှင်​၍ သားမြေး​မြစ် မျိုးဆက်​လေး​ဆက်​ကို​မြင်​ရ​၏​။


နိမ့်ကျ​သော​သူ​တို့​ကို မြှင့်တင်​၍ ဝမ်းနည်းပူဆွေး​သော​သူ​တို့​ကို ကူမ​ကယ်တင်​တော်မူ​၏​။


သင်​သည် အစ​တွင် သိမ်ငယ်​နေ​ရ​သော်လည်း အဆုံး​တွင် အလွန်​ကြီးပွား​လိမ့်မည်​။


သင့်​သားသမီး​တို့​၏​သားသမီး​များ​ကို​လည်း တွေ့မြင်​ရ​ပါစေသော​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


သို့သော် ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို သိုး​များ​ကဲ့သို့​ထုတ်ဆောင်​ပြီး တောကန္တာရ​ထဲ၌ သူ​တို့​ကို သိုးအုပ်​ကဲ့သို့ ပို့ဆောင်​တော်မူ​၏​။


မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။ သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစ္စရေး​အမျိုးအနွယ်​နှင့်​ယုဒ​အမျိုးအနွယ်​တို့​တွင် လူသား​မျိုးစေ့​နှင့်​တိရစ္ဆာန်​မျိုးစေ့​တို့​ကို ငါ​ကြဲ​မည့်​အချိန် ရောက်လာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သည်းခံ​သော​သူ​တို့​သည် မင်္ဂလာရှိ​၏​ဟု ငါ​တို့​ယူဆ​ကြ​၏။ ယောဘ​၏​သည်းခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်ဆုံး​တွင် ထာဝရ​ဘုရား​ပြု​တော်မူ​သော​အမှု​အားဖြင့် ကိုယ်တော်​သည် အလွန်​ကြင်နာ​တတ်​၍ ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့မြင်​ရ​ကြ​၏။


ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ