အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ငါ့​အမိ​ဝမ်း​ကို​မ​ပိတ်​ပေး​ပါ​။ အခက်အခဲ​ပြဿနာ​ကို​လည်း ငါ့​ထံမှ မ​လွှဲပေး​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ။

အခန်းကိုကြည့်ပါ။

Garrad Bible

အ သို့ ဆို သော်၊ ငါ့ အ မိ၏ ဝမ်း ကို မ ပိတ် မ ပင်၊ ဒု က္ခ ဆင်း ရဲ ကို ငါ မျက် မှောက် မှ မ ဖုံး မ ကွယ်၍ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ့​အ​မိ၏​ဝမ်း​ကို ပိတ်​မ​ထား၊ ဒု​က္ခ​ဆင်း​ရဲ​ကို ငါ​မ​မြင်​စေ​ခြင်း​ငှာ မ​ကွယ်​မ​ကာ။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 3:10
12 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမှာ အာဗြဟံ​၏​မယား​စာရာ​ကြောင့် ထာဝရဘုရား​သည် အဘိမလက်​မင်းကြီး​၏​နန်းတွင်းသူ​အားလုံး​တို့​အား သန္ဓေတည်​ခွင့်​ကို အလျှင်း​ပေး​တော်​မ​မူ​သောကြောင့်​ဖြစ်​၏​။


လေအာ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​သိမြင်​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။ ရာခေလ​မူကား မြုံ​သော​မိန်းမ​ဖြစ်​၏​။


ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။


“​ယနေ့​တွင် ဝေဒနာ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​ပါ​၏​။ ညည်းတွား​ရ​လွန်း​၍ ငါ​လက်ပန်းကျ​ကုန်​ပြီ​။


ငါ​သည် မွေးစ​ကပင် အဘယ်ကြောင့် မ​သေ​ရ​သနည်း​။ အမိ​ဝမ်း​ထဲက​ထွက်လာ​စဉ်ကပင် အဘယ်ကြောင့် အသက်​မ​ချုပ်ငြိမ်း​ရ​သနည်း​။


ထို​ည​၏​ညဥ့်ဦးယံ​ကြယ်​တို့ ကွယ်​ပါစေ​။ အလင်း​ကို​စောင့်မျှော်​သော်လည်း မ​ရ​ပါစေ​နှင့်​။ အရုဏ်ဦး​လင်းရောင်ခြည်​ကို​လည်း မ​တွေ့​ရ​ပါစေ​နှင့်​။


သို့ဖြစ်၍ ပူဆွေး​ခြင်း​ကို သင်​၏​စိတ်နှလုံး​ထဲမှ​ဖယ်ရှား​လော့​။ ဒုက္ခ​ကို​လည်း သင်​၏​ကိုယ်ခန္ဓာ​မှ​ပယ်ထုတ်​လော့​။ အကြောင်းမူကား ပျိုရွယ်​ခြင်း​နှင့် အရွယ်ကောင်း​ခြင်း​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။


ငါ့​ကို အမိ​ဝမ်း​ထဲကပင် သတ်​ခဲ့​သင့်​၏​။ သို့ပြုလျှင် မိခင်​၏​ဝမ်း​သည် ငါ​၏​သင်္ချိုင်း​၊ ငါ့​ကို အစဉ်​ကိုယ်ဝန်ဆောင်ရာ​နေရာ ဖြစ်​လိမ့်မည်​။


သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​။