Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သို့ ရာ တွင် ဟ န္န အား သား ရ ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မ မူ သော် လည်း ချစ် ခင် လှ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ဟ​န္န​ကို​ချစ်​သော​ကြောင့် နှစ်​ဆ​သော​အ​ဖို့​ကို ပေး၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​အား သား​ဖွား​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 1:5
9 ပူးပေါင်းရင်းမြစ်များ  

စာရဲ​မူကား မြုံ​သော​မိန်းမ​ဖြစ်၍ သားသမီး​မ​ရှိ​။


အာဗြံ​၏​မယား​စာရဲ​သည် အာဗြံ​အတွက် သားသမီး​မ​မွေးဖွား​ပေး​နိုင်​ချေ​။ စာရဲ​တွင် ဟာဂရ​အမည်​ရှိ​သော အီဂျစ်​လူမျိုး​ကျွန်မ​တစ်​ယောက်​ရှိ​၏​။


အကြောင်းမှာ အာဗြဟံ​၏​မယား​စာရာ​ကြောင့် ထာဝရဘုရား​သည် အဘိမလက်​မင်းကြီး​၏​နန်းတွင်းသူ​အားလုံး​တို့​အား သန္ဓေတည်​ခွင့်​ကို အလျှင်း​ပေး​တော်​မ​မူ​သောကြောင့်​ဖြစ်​၏​။


ရာခေလ​သည် ယာကုပ်​အတွက် သား​မ​ဖွား​နိုင်​ကြောင်း​သိမြင်​လျှင် မိမိ​အစ်မ​ကို မနာလို​ဖြစ်​လေ​၏​။ ရာခေလ​က “​အကျွန်ုပ်​အား သားသမီး​ပေး​ပါ​။ သို့မဟုတ်လျှင် အကျွန်ုပ်​သေ​မည်​”​ဟု ယာကုပ်​အား​ဆို​၏​။


ယာကုပ်​သည် ရာခေလ​ကို​အမျက်ထွက်​၍ “​သင်​၏​ဝမ်း​ထဲ၌ သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​သော​ဘုရားသခင်​ကို ငါ​ကိုယ်စားပြု​နိုင်​သလော​”​ဟု ဆို​၏​။


ယောသပ်​သည် မိမိ​စားပွဲ​မှ​အစားအစာ​များ​ကို ညီအစ်ကို​တို့​ထံသို့​ပေးလိုက်​၏​။ ဗင်္ယာမိန်​ရ​သော​အစားအစာ​သည် အစ်ကို​အသီးသီး​တို့​ထက် ငါး​ဆ​များ​၏​။ သူ​တို့​သည် ယောသပ်​နှင့်အတူ စားသောက်​ပျော်ပါး​ကြ​၏​။


သူ​တို့​အားလုံး​ကို လဲစရာ​အဝတ်​တစ်စုံစီ​ပေး​၏​။ ဗင်္ယာမိန်​ကို​မူကား ငွေစ​သုံး​ရာ​နှင့် လဲစရာ​အဝတ်​ငါး​စုံ​ပေး​၏​။


တစ်စုံတစ်ယောက်​၌ မယား​နှစ်​ယောက်​ရှိ​ပြီး တစ်​ယောက်​ကို​ချစ်​၍ အခြား​တစ်​ယောက်​ကို​မုန်း​၏​။ အချစ်​ခံရ​သော​မယား​နှင့် အချစ်မခံရ​သော​မယား​တို့​သည် သူ့​အတွက် သား​များ​ကို မွေးဖွား​သောအခါ အမုန်း​ခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ