Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 29:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 လေအာ​အမုန်းခံရ​သည်​ကို ထာဝရဘုရား​သိမြင်​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။ ရာခေလ​မူကား မြုံ​သော​မိန်းမ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ယာ​ကုပ်​သည်​လေ​အာ​ကို​မ​ချစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​တော်​မူ​သ​ဖြင့် လေ​အာ​ကို​သား​သ​မီး​ထွန်း​ကား​စေ​၏။ ရာ ခေ​လ​မူ​ကား​သား​သ​မီး​မ​ထွန်း​ကား​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 လေ အာ့ အ ပေါ် တွင် မေ တ္တာ မဲ့ သည် ကို ထာ၀ ရ ဘု ရား သိ မြင်၍ သား ဆု ကို ပေး သ နား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 လေ​အာ​သည်​အ​မုန်း​ခံ​ရ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ​မြင်၍၊ သား​ဖွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ရာ​ခေ​လ​မူ​ကား​မြုံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 29:31
26 ပူးပေါင်းရင်းမြစ်များ  

စာရဲ​မူကား မြုံ​သော​မိန်းမ​ဖြစ်၍ သားသမီး​မ​ရှိ​။


အာဗြံ​၏​မယား​စာရဲ​သည် အာဗြံ​အတွက် သားသမီး​မ​မွေးဖွား​ပေး​နိုင်​ချေ​။ စာရဲ​တွင် ဟာဂရ​အမည်​ရှိ​သော အီဂျစ်​လူမျိုး​ကျွန်မ​တစ်​ယောက်​ရှိ​၏​။


အကြောင်းမှာ အာဗြဟံ​၏​မယား​စာရာ​ကြောင့် ထာဝရဘုရား​သည် အဘိမလက်​မင်းကြီး​၏​နန်းတွင်းသူ​အားလုံး​တို့​အား သန္ဓေတည်​ခွင့်​ကို အလျှင်း​ပေး​တော်​မ​မူ​သောကြောင့်​ဖြစ်​၏​။


ဣဇက်​သည် မိမိ​မယား​မြုံ​သောကြောင့် သူ့​အတွက် ထာဝရဘုရား​ထံ​ဆုတောင်း​၏​။ ထာဝရဘုရား​သည် သူ​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၍ သူ​၏​မယား​ရေဗက္ကာ​သည် ကိုယ်ဝန်ဆောင်​လေ​၏​။


ဖခင်​က ယာကုပ်​အား ပေး​သော​ကောင်းချီးမင်္ဂလာ​ကြောင့် ဧသော​သည် ယာကုပ်​ကို​အငြိုးထား​၏​။ ဧသော​က “​ငါ့​ဖခင်​သေဆုံး​မည့်​နေ့ရက်​နီး​ပြီ​။ ထိုအခါ ငါ​သည် ငါ့​ညီ​ယာကုပ်​ကို​သတ်​မည်​”​ဟု မိမိ​စိတ်​ထဲ၌​ဆို​လေ​၏​။


ထိုအခါ ယာကုပ်​သည် ရာခေလ​ထံသို့​လည်း ဝင်​လေ​၏​။ သူ​သည် ရာခေလ​ကို လေအာ​ထက်​ပို၍​ချစ်​၏​။ ယာကုပ်​သည် လာဗန်​ကို နောက်ထပ် ခုနစ်​နှစ်​အစေခံ​လေ​၏​။


လေအာ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ထာဝရဘုရား​သည် ငါ​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ယောက်ျား​သည် ယခု​ငါ့​ကို​ချစ်​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရုဗင် ဟု​မှည့်ခေါ်​လေ​၏​။


ထိုအခါ ဘုရားသခင်​သည် ရာခေလ​ကို​အောက်မေ့​တော်မူ​၏​။ ဘုရားသခင်​သည် ရာခေလ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ သူ့​အား​သန္ဓေတည်​ခွင့်​ကို​ပေး​တော်မူ​၏​။


လေအာ​၏​သား​များ​မှာ ရုဗင်​(​ယာကုပ်​၏​သားဦး​)​၊ ရှိမောင်​၊ လေဝိ​၊ ယုဒ​၊ ဣသခါ​၊ ဇာဗုလုန် တို့​ဖြစ်​ကြ​၏​။


သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။ ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


ဧသော​ကို​ကား ငါ​မုန်း​၏​။ ငါ​သည် သူ့​နေရာ​တောင်​တို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၍ သူ့​အမွေမြေ​ကို​လည်း တောကန္တာရ​ခွေးအ​တို့​၌ အပ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ငါ့​ထက် ဖခင်​ကို​ဖြစ်စေ၊ မိခင်​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည် ငါ​နှင့်​မ​ထိုက်တန်။ ငါ့​ထက် သား​ကို​ဖြစ်စေ၊ သမီး​ကို​ဖြစ်စေ ပို၍​ချစ်​သော​သူ​သည်​လည်း ငါ​နှင့်​မ​ထိုက်တန်။


မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။


သို့သော် အဲလစ်ဇဘက်​သည် အမြုံ​ဖြစ်​၍ သူ​တို့​၌​သားသမီး​မ​ရှိ။ သူ​တို့​နှစ်ဦးစလုံး​သည်​လည်း အသက်​ကြီးရင့်​နေ​ကြ​ပြီ​ဖြစ်​၏။


“တစ်စုံတစ်ဦး​သည် ငါ့​ထံသို့​လာ​၍ မိမိ​၏​ဖခင်၊ မိခင်၊ သား​မယား​နှင့် ညီအစ်ကို​မောင်နှမ​တို့​ကို​သာမက မိမိ​အသက်​ကို​ပင် မ​မုန်း​လျှင် ထို​သူ​သည် ငါ​၏​တပည့်​မ​ဖြစ်​နိုင်။


မိမိ​အသက်​ကို​တွယ်တာ​သော​သူ​သည် အသက်​ဆုံးရှုံး​လိမ့်မည်။ ဤ​လောက​၌ မိမိ​အသက်​ကို​မုန်း​သော​သူ​မူကား ထို​အသက်​ကို ထာဝရ​အသက်​အတွက် စောင့်ရှောက်​လိမ့်မည်။


ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။


တစ်စုံတစ်ယောက်​၌ မယား​နှစ်​ယောက်​ရှိ​ပြီး တစ်​ယောက်​ကို​ချစ်​၍ အခြား​တစ်​ယောက်​ကို​မုန်း​၏​။ အချစ်​ခံရ​သော​မယား​နှင့် အချစ်မခံရ​သော​မယား​တို့​သည် သူ့​အတွက် သား​များ​ကို မွေးဖွား​သောအခါ အမုန်း​ခံရ​သော​မယား​၏​သား​သည် သားဦး​ဖြစ်​လျှင်


ဤသို့ဖြင့် ဗောဇ​သည် ရုသ​နှင့် ထိမ်းမြား​ပြီး လင်မယား​အဖြစ် အတူ​နေထိုင်​ကြ​၏​။ ထာဝရဘုရား ကောင်းချီးပေး​သဖြင့် ရုသ​သည် သန္ဓေတည်​၍ သားယောက်ျား​ကို ဖွားမြင်​လေ​၏​။


အချိန်တန်​သောအခါ ဟန္န​သည် ကိုယ်ဝန်ဆောင်​၍ သားယောက်ျား​ကို မွေးဖွား​လေ​၏​။ ဟန္န​က​လည်း “ဤ​သား​သည် ထာဝရဘုရား​ထံ ဆုတောင်း​၍ ရ​သော​သား​ဖြစ်​၏”​ဟု ဆို​ပြီး သူ​၏​အမည်​ကို ရှမွေလ ဟု​မှည့်ခေါ်​လေ​၏​။


ဤ​သား​ကို​ရ​ဖို့ ဆုတောင်း​ခဲ့​ရာ ထာဝရဘုရား​သည် အကျွန်ုပ်​တောင်းလျှောက်​သော​ဆု​ကို ပေးသနား​တော်မူ​ပါ​ပြီ​။


သူ​သည် ဟန္န​ကို​ချစ်​သောကြောင့် ဝေစု​နှစ်ဆ​ခွဲဝေ​ပေး​၏​။ သို့သော် ထာဝရဘုရား​သည် ဟန္န​ကို​သန္ဓေတည်​ခွင့်​ပေး​တော်​မ​မူ​။


ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ