2 “ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
ထိုအခါ ယောဘက
ကိုယ်တော်အား မည်သည့်အရပ်၌တွေ့နိုင်မည်ကို ငါသိလိုပါ၏။ စံမြန်းတော်မူရာသို့ ငါရောက်လိုပါ၏။
သူသည် အပြစ်အပေါ် ထပ်ဆင့်အပြစ်ကျူးလွန်ပြီ။ ငါတို့ကို လက်ခုပ်တီးပြောင်လှောင်လေပြီ။ ဘုရားသခင်ကို ဆန့်ကျင်သောစကား များစွာပြောဆိုလေပြီ”ဟု ဆိုလေ၏။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။
“အချင်းလူသား၊ သင်ချစ်မြတ်နိုးသောသူကို တစ်ခဏအတွင်း ငါရုပ်သိမ်းပစ်မည်။ သင်မငိုကြွေးမမြည်တမ်းနှင့်။ မျက်ရည်မကျနှင့်။