ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ယာကုပ် 3:13 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။ Common Language Bible သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။- Garrad Bible သင် တို့ ဘောင် တွင် ဉာဏ် ပ ညာ ရှိ၍ နား လည် တတ် သူ ကား မည် သူ နည်း။ ဉာဏ် ပ ညာ နှင့် ဆိုင် ရာ သိမ် မွေ့ ခြင်း အား ဖြင့် ကောင်း မွန် စွာ ကျင့် ကြံ ပြု မူ လျက် သူ့ ကိုယ် ကျင့် ကို ပြ ပါ စေ။ Judson Bible သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ပညာမှလာသော နူးညံ့သိမ်မွေ့မှုဖြင့် လုပ်ဆောင်သည့် အကျင့်အားဖြင့် ကောင်းသောပြုမူနေထိုင်ပုံဖြင့် သက်သေပြစေ။ |
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ငါ၏ညီအစ်ကိုများနှင့် ငါ၏မိတ်ဆွေများကို ထောက်ထား၍ “သင့်အထဲ၌ ငြိမ်းချမ်းမှုရှိပါစေသော”ဟု ငါဆိုမည်။
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းနှင့်တင့်တယ်စေတော်မူ၏။
စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
သမ္မာတရား၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သောအရေးကိစ္စအတွက် ကိုယ်တော်၏ဘုန်းအာနုဘော်ကိုဆောင်လျက် အောင်မြင်စွာစီးနင်းကြွမြန်းတော်မူပါ။ ကိုယ်တော်၏လက်ယာလက်တော်သည် အံ့ဩဖွယ်အမှုတို့ကို ကိုယ်တော်အားပြသပါစေသော။
မည်သူသည် ပညာရှိကဲ့သို့ဖြစ်သနည်း။ မည်သူသည် အမှုအရာ၏အနက်အဓိပ္ပာယ်ကိုသိသနည်း။ လူတစ်ဦး၏ဉာဏ်ပညာသည် ထိုသူ၏မျက်နှာကိုထွန်းလင်းစေ၍ သူ၏တင်းမာသောမျက်နှာကို ပြောင်းလဲစေတတ်၏။
သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။
သို့ဖြစ်၍ ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် ကျောက်ပေါ်၌ မိမိအိမ်ကိုဆောက်သည့် ပညာသတိရှိသောသူနှင့်တူ၏။
သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ထို့ကြောင့် သင်တို့၏ချစ်ခြင်းမေတ္တာနှင့် သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာတို့ကို အသင်းတော်များရှေ့မှောက်၌ သူတို့အားသက်သေပြကြလော့။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။
ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်ကြသောငါတို့သည် ပို၍တင်းကျပ်သောတရားစီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနှင့်။
သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။
သင်တို့ကိုခေါ်ယူတော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ သင်တို့ကိုယ်တိုင်လည်း အသက်ရှင်နေထိုင်မှုရှိသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။