အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 24:31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ့ သား သည် ရွေး ကောက် တော် မူ သော သူ တို့ ကို ကောင် ကင် တစ် စွန် က တစ် စွန် တိုင် လေး မျက် နှာ စု ရုံး စေ ရန် တံ ပိုး သံ ကျယ် စွာ မှုတ် သော စေ တ မန် တော် တို့ ကို လွှတ် တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် လူသား​သည် သူ​၏ ကောင်းကင်တမန်များ​ကို ကျယ်လောင်သော တံပိုးခရာ​မှုတ်သံ​နှင့်အတူ စေလွှတ်တော်မူ​လိမ့်မည်။ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင် အရပ်လေးမျက်နှာ​မှ ကိုယ်တော်​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။



မဿဲ 24:31
44 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် သတိရ​ကြ​၍ ထာဝရဘုရား​ထံသို့​ပြန်လှည့်​လာ​ကြ​လိမ့်မည်​။ တိုင်းနိုင်ငံ​များ​မှ​မျိုးနွယ်စု​အပေါင်း​တို့​သည် ရှေ့​တော်​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။


ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။


ငါ​တို့​၏​ပွဲ​နေ့​တည်းဟူသော လဆန်း​နေ့​၊ လပြည့်​နေ့​၌ တံပိုး​ကို​မှုတ်​ကြ​လော့​။


တတိယ​နေ့ နံနက်​ရောက်​သောအခါ တောင်​ပေါ်၌ ထူထပ်​သော​မိုးတိမ်​နှင့်တကွ မိုးချုန်းသံ​များ​၊ လျှပ်စီးလက်​ခြင်း​များ​ဖြစ်၍ အလွန်​ကျယ်လောင်​သော​တံပိုးမှုတ်သံ​မြည်​လေ​၏​။ ထိုအခါ စခန်း​ထဲ​ရှိ လူ​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​၏​။


လူမျိုး​အပေါင်း​တို့​အတွက် အချက်ပြအလံ​လွှင့်ထူ​တော်မူ​မည်​။ နှင်ထုတ်​ခြင်း​ခံရ​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်​စုဝေး​စေ​တော်မူ​မည်​။ ကွဲလွင့်​နေ​သော​ယုဒ​အမျိုး​တို့​ကို မြေကြီး​အရပ်​လေး​မျက်နှာ​မှ ခေါ်ယူစုစည်း​တော်မူ​မည်​။


ထာဝရဘုရား​နှင့် အမျက်​တော်​လက်နက်​သည် မြေ​တစ်ပြင်လုံး​ကို​ဖျက်ဆီး​ရန် ကောင်းကင်​အစွန်း​၊ ဝေးလံ​သော​အရပ်​မှ လာ​ကြ​ပြီ​။


ထို​နေ့ရက်​၌ တံပိုး​ကြီး​ကို​မှုတ်​လိမ့်မည်​။ အဆီးရီးယား​ပြည်​၌​ပျောက်ဆုံး​သော​သူ​၊ အီဂျစ်​ပြည်​သို့​နှင်ထုတ်​ခြင်း​ခံရ​သော​သူ​တို့​သည် ဂျေရုဆလင်​မြို့​၊ သန့်ရှင်း​သော​တောင်​ပေါ်သို့​လာ​၍ ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


ပင်လယ်​တွင်​သွားလာ​သော​သူ​တို့​မှစ၍ ပင်လယ်​ထဲရှိ​ရှိသမျှ​၊ ပင်လယ်​ကမ်းရိုးတန်းဒေသ​များ​နှင့် ထို​အရပ်​တို့​၌​နေထိုင်​သော​သူ​ရှိရှိသမျှ​တို့​၊ ထာဝရဘုရား​အား အသစ်​သော​သီချင်း​ကို​သီဆို​ကြ​လော့​။ မြေကြီး​စွန်း​မှ ချီးမွမ်း​ကြ​လော့​။


မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။


မြေကြီး​စွန်း​ရှိသမျှ​တို့​၊ ငါ့​ထံသို့​ပြန်လှည့်​လာ​၍ ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့​။ အကြောင်းမူကား ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ အခြား​ဘုရား​မ​ရှိ​။


ပတ်ပတ်လည်​သို့ မျှော်ကြည့်​လော့​။ သူ​တို့​အားလုံး​သည် စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ ထာဝရဘုရား​က “​ငါ​အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အားလုံး​ကို အဆင်တန်ဆာ​ကဲ့သို့ ဝတ်ဆင်​လိမ့်မည်​။ သတို့သမီး​ကဲ့သို့ ဆင်မြန်း​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ပတ်ပတ်လည်​သို့​မျှော်ကြည့်​လော့​။ လူ​အပေါင်း​တို့​သည်​စုရုံး​၍ သင့်​ထံသို့​လာ​ကြ​ပြီ​။ သင်​၏​သား​တို့​သည် အဝေး​က​လာ​၍ သင်​၏​သမီး​တို့​ကို ပွေ့​ချီလာ​ကြ​မည်​။


ဒံယေလ​ပြောပြ​သည်​မှာ “​ညအချိန် ငါ​မြင်​ရ​သော​စိတ်အာရုံ​တွင် မိုးကောင်းကင်​အရပ်လေးမျက်နှာ​မှ​လေ​သည် သမုဒ္ဒရာပြင်​တွင် ဝေ့ဝိုက်​တိုက်ခတ်​နေ​၏​။


ဤ​တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​သည် အာဇေလ​အရပ်​တိုင်အောင် ရောက်​လိမ့်မည်​။ ယုဒ​ဘုရင်​ဩဇိ​မင်းကြီး​လက်ထက် ငလျင်လှုပ်​သဖြင့် သင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ယခု​လည်း တောင်​ကြား​ချိုင့်ဝှမ်းလွင်ပြင်​အတိုင်း သင်​တို့ ထွက်ပြေး​ရ​လိမ့်မည်​။ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​သည်​လည်း မိမိ​သန့်ရှင်း​သူ​အပေါင်း​တို့​နှင့်အတူ ကြွလာ​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​က “​ထွက်ပြေး​ကြ​၊ ထွက်ပြေး​ကြ​၊ မြောက်​အရပ်​မှ ထွက်ပြေး​ကြ​။ မိုးကောင်းကင် လေး​မျက်နှာ​သို့ သင်​တို့​ကို ငါ​ကွဲလွင့်​စေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်တမန်​က ငါ့​အား “ဤ​အရာ​များ​ကား မြေကြီး​တစ်ပြင်လုံး​၏​အရှင်​ရှေ့​တော်​၌ ခစား​ရာ​မှ ထွက်လာ​သော မိုးကောင်းကင်​မှ လေ​လေး​ပါး​ဖြစ်​၏​။


ဧဖရိမ်​ပြည်​၏​စစ်ရထား​၊ ဂျေရုဆလင်​မြို့​၏​မြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ စစ်​လေးလက်နက်​တို့​သည်​လည်း ကျိုးပဲ့​ကုန်​လိမ့်မည်​။ ရှင်ဘုရင်​သည် လူမျိုးတကာ​တို့​ကို ငြိမ်းချမ်းရေး​သတင်းစကား​ပြောကြား​လိမ့်မည်​။ သူ​၏​အုပ်စိုးမှု​အာဏာစက်​သည် တစ်​ပင်လယ်​မှ တစ်​ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ ယူဖရေးတီး​မြစ်​မှ မြေကြီး​စွန်း​တိုင်အောင်​လည်းကောင်း ရောက်​လိမ့်မည်​။


ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။


လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင်


ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​လိမ့်မည်။


အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင် လှည့်ဖြား​ရန် ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။


သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည်​နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။


လူ့သား​သည် မိမိ​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကောင်းကင်တမန်​အပေါင်း​တို့​နှင့်တကွ ကြွလာ​သောအခါ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော မိမိ​၏​ပလ္လင်​ပေါ်၌ ထိုင်​တော်မူ​လိမ့်မည်။


ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍“ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။


ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။


သို့သော် ငါ​မေး​လို​သည်​မှာ ထို​သူ​တို့​မ​ကြား​ခဲ့​ရ​သလော။ အမှန်ပင်​ကြား​ခဲ့​ရ​၏။ “သူ​တို့​၏​အသံ​သည် မြေကြီး​တစ်ပြင်လုံး​သို့ ပျံ့နှံ့​သွား​၍ သူ​တို့​၏​စကား​သည် ကမ္ဘာလောက​အစွန်အဖျား​တိုင်အောင် ရောက်​လေ​၏။ ”


သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။


ထို​နက်နဲ​သော​အရာ​ဟူမူကား အချိန်အခါ​များ​ပြည့်စုံ​သောအခါ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ အရာ​ခပ်သိမ်း​တို့​ကို ခရစ်တော်​၌​ပေါင်းစည်း​စေရန် စီမံ​ခန့်ခွဲ​တော်မူ​ခြင်း​ဖြစ်​၏။


သင်​သည် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​လျှင်ပင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​အရပ်​မှ ပြန်လည်​စုစည်း​၍ ထို​အရပ်​မှ ပြန်လည်​ခေါ်ဆောင်​လာ​တော်မူ​မည်​။


သင်​တို့​မ​မွေး​မီ ရှေး​ကာလ​က​အကြောင်း​ကို မေးမြန်း​လော့​။ မြေကြီး​ပေါ်၌ လူ​ကို​ဘုရားသခင်​ဖန်ဆင်း​သော​နေ့​မှစ၍ မိုးကောင်းကင်​၏​အစွန်း​တစ်ဖက်​မှ မိုးကောင်းကင်​၏​အခြား​အစွန်း​တစ်ဖက်​တိုင်အောင် ဤ​ကြီးမား​သော​အမှု​မျိုး ဖြစ်​ဖူး​သလော​။ ဤ​အမှု​မျိုး ကြား​ဖူး​သလော​။


အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။


ညီအစ်ကို​တို့၊ ငါ​တို့​သခင် ယေရှု​ခရစ်တော်​၏​ကြွလာ​တော်မူ​ခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ၌ ငါ​တို့​အတူတကွ​စုဝေး​ခြင်း​အကြောင်း​တို့​နှင့်​ပတ်သက်၍


တံပိုးမှုတ်သံ​နှင့် နှုတ်ကပတ်တော်​အသံ​တို့​ရှိ​ရာ​တောင်​သို့ ချဉ်းကပ်​ကြ​သည်​မ​ဟုတ်။ ထို​အသံ​တော်​ကို​ကြား​ရ​သော​သူ​တို့​သည် မိမိ​တို့​အား ထပ်မံ​၍​မိန့်​တော်​မ​မူ​ရန် တောင်းပန်​ကြ​၏။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ထို့နောက် ကောင်းကင်​တမန်​လေး​ပါး​သည် ကမ္ဘာ​မြေကြီး​၏​ထောင့်​လေး​ထောင့်​တွင်​ရပ်​လျက် မြေကြီး​ပေါ်သို့​လည်းကောင်း၊ ပင်လယ်​ပေါ်သို့​လည်းကောင်း၊ သစ်ပင်​ရှိသမျှ​အပေါ်သို့​လည်းကောင်း လေ​မ​တိုက်​စေရန် မြေကြီး​လေး​မျက်နှာ​၏​လေ​တို့​အား ထိန်းချုပ်​ထား​သည်​ကို ငါ​မြင်​ရ​၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။